နောက်ဆက်တွဲနေထိုင်မှုများ(၄)

အခု
ငါနောက်ဆုံးရေးဖြစ်တဲ့ကဗျာက
မင်းအကြောင်းတွေဆိုရင်
အံ့အားသင့်နေတဲ့မျက်နှာလေးနဲ့
အရင်လို မင်းရယ်ဦးမှာလား “နှင်း” ။

မင်းရယ်သံတွေလို ၊ မင်းနွေးထွေးမှုတွေလို
ဘာမှ မသေချာတော့သော ငါ့အနာဂါတ်နေ့စွဲများ
မင်းကိုယ်သင်းရနံ့လို
လေလွင့်ပျောက်ကွယ်သွားသော မင်းသစ္စာတရားများ ။

မင်းနဲ့အဝေးမှာ
ငါတစ်ယောက်တည်း
အန္တရာယ်တွေနဲ့ အသက်ဆက် နေထိုင်ခဲ့ရ ။

ညာလက်နဲ့ရေးနေကျ မင်းနာမည်လှလှလေး
ဘယ်လက်နဲ့ပြောင်းရေးရင်
မပီမပြင် အံမ၀င်တော့သလိုမျိုး
လမ်းဟောင်းတွေမှာ
အဆင်မပြမှုမှာ အရာရာဟာလွဲချော် ယောင်မှားလို့ ။

မင်းကိုမေ့လိုက်ဖို့ဆိုတာကလည်း
ခပ်ညံ့ညံ့ ဘောလုံးအသင်းတစ်သင်း
တန်းဆင်းဇုန်မှာ ရုန်းကန် လှုပ်ရှား ရသလိုပါပဲ ။

မေ့ပျောက်ဖို့ ကြိုးစားနေခြင်းက
သတိတရရှိနေခြင်းလို့
ငါ …
ဒီကဗျာနဲ့
နာကျင်စွာ ဘာသာပြန် ဖွဲ့ ဆိုလိုက်ပါတယ် နှင်း ။ ။

Advertisements

One Response to “နောက်ဆက်တွဲနေထိုင်မှုများ(၄)”

  1. ထင်လင်း

    ငါ့ … ရင်ခွင်တံစက်မြိတ်မှာ
    တိတ်တိတ်ကလေး ခိုနားခဲ့တယ့် ထိပ်ထား ရေ.
    မင်း နှလုံးသားမှာ အချစ်တွေ အိပ်ပျော်နေသလားကွယ်.
    ကိုယ်မင်းကို မနှိုးရက်ခဲ့ပါဘူး.
    မင်း အိပ်မက်မှာပျော်ဝင်……
    ဖြူစင်တဲ့မျက်နှာကလေး ကိုငေး
    အတွေးနဲ့တင် ကျေနပ်တယ်………
    …………….. ထိပ်ထား ရေ.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s