နောက်ဆက်တွဲနေထိုင်မှုများ( ၂ )

နောက်ဆက်တွဲနေထိုင်မှုများ( ၂ )

မင်းကြိုက်တဲ့ပေါ့(ပ်)သီချင်တစ်ပုဒ်ကို

အကြိမ်ကြိမ်ရွတ်ဆိုမိသလိုမျိုး

အဆုံးသတ်ခါစကဗျာတစ်ပုဒ်ကို

အကြိမ်ကြိမ်ပြန်ဖတ်မိသလိုမျိုး

မင်းမျက်ဝန်းလေးကို ငါဟာ ငေးအကြည့်


ရွာမယ်ပြင်တဲ့တိမ်စတွေလို

မင်းမျက်ဝန်းမှာ မျက်ရည်စတွေ ခိုတွဲလို့ ။


မငိုလိုက်ပါနဲ့ ညီမလေးရယ်

မင်းမျက်ရည်ဟာ

ငါ့ဘ၀ထဲကိုအရှိန်နဲ့ကျလာမယ့် အပူမီးပဲ

မင်းရှိုက်သံဟာ

ငါ့ဘ၀ကို ခြောက်လှန့်နေမယ့်

စိတ္တဇပဲ ။


တဆတ်ဆတ်တုန်နေတဲ့ မင်းနှုတ်ခမ်းမှာ

ဘယ်တော့မှ မဖွင့်ဆိုဖြစ်တော့မယ့်

ငါတို့နှစ်ယောက် ချစ်ခြင်းအဓိပ္ပါယ်များ

ငါတို့နှစ်ယောက်အနာဂတ်အဓိပ္ပါယ်များ ။


ငါ့ဘ၀ထဲက ထွက်သွားတော့မယ့်

ညီမလေးရေ

မင်းကိုယ်တိုင်ပြင်ဆင်ရေးဆွဲမယ့်

မင်းဘ၀ ပန်းချီကားအသစ်မှာ

ငါ့အသွေးအသားကို ခံဆေးအဖြစ် အသုံးပြုပါ

မင်းအလှအပတွေနဲ့ ဖြည့်စွက်ခြယ်သပါ

ငါ့နာကျင်ခြင်းကို ဘောင်ခတ်ပါ ။


“ငါ့ဘ၀ရဲ့အဝေးမှာ

မင်းတစ်ယောက် ပျော်ရွှင်နိုင်ပါစေသား”ဆုတောင်းတွေနဲ့

အိမ်ပြန်ချိန်

ညနေဆည်းဆာဟာ

ကြေကွဲစရာကောင်းလွန်းတယ် ။

(people magazine , စက်တင်ဘာ ,၂၀၀၉)

သုမင်းညို

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s