ကမ္ဘာ့အကောင်းဆုံးဟာသ

ကမ္ဘာ့အကောင်းဆုံးဟာသ

ပျော်ပျော်နေ
အခုပဲ ပျော်အောင်နေတဲ့
ငါ့အတွက် ကမ္ဘာ့အကောင်းဆုံး ဟာသပဲ။
ပြဿနာပေါင်းသောင်းခြောက်ထောင်ဟာ
ငါ့ကိုပိတ်ဆို့ထားတယ်
ထွက်ပေါက်မရှိ ဖြေရှင်းချက်မရှိ။
တန်ဖိုးထားသမျှ အရာရာ ဆုံးရှုံးကွယ်ပျောက်
ငါ့နောက်မှာ
အမြဲကပ်လိုက်နေသော ညံ့ညံ့ဖျင်းဖျင်း ဇာတာ။
မျှော်လင့်ချက်ဆိုတဲ့
ငါအမြဲစားသုံးနေကျ အစားအစာကို အဆိပ်အဖြစ်
လက်ခံလိုက်ပြီးတဲ့နောက် အသိအမှတ်ပြုလိုက်ပြီးတဲ့နောက်
ငါ ပျော်ပျော် လာတယ်
ခံနိုင်ရည်တွေ အရည်ပျော်ပျော်လာတယ်
အကောင်းမြင်စိတ်တွေ အရည်ပျော်ပျော်လာတယ်
လူတွေအားလုံးကို ပြုံးစေချင်တယ်လို့
ပြောမိတဲ့ စကားအပေါ်
ငါဘယ်လောက်များ တာဝန်ကျေခဲ့သလဲ
ကိုယ့်ကြောင့် စိတ့ညစ်လေသူ မရှိစေချင်ဘူးလို့
ပြောမိတဲ့ စကားအပေါ်
ငါဘယ်လောက်များ လိုက်နာနိုင်ခဲ့သလဲ
တွေးမိတိုင်း တွေးမိတိုင်း သွေးတက်ချင်စရာ
ပတ်ဝန်းကျင်မှာ
ကပ်ပါးတွေ အထင်သေးမှုတွေနဲ့ ရှင်သန်နေရတဲ့
ပတ်ဝန်းကျင်မှာ
ကဗျာရေးတယ်ဆိုတာ စာရွက်တစ်ရွက်
ဘောပင်တစ်ချောင်းရှိရင် လုံလောက်ပါတယ်လို့
သုံးစားမရတဲ့ မှတ်ချက်ကိုပေးတဲ့
အပျော်တမ်း အနုပညာသမားများနဲ့
ပတ်ဝန်းကျင်မှာ
ဘယ်သူသေသေ ငါရှင်ရင်ပြီးရောတွေ များတဲ့
ပတ်ဝန်းကျင်မှာ
စိတ်ရဲ့ မွန်မြတ်မှု အလေးထားရမယ့်
သစ္စာတရား
အကြင်နာ
ဝေမျှခြင်း
ငါမေးချင်တာ အဲဒီ့ စိတ္တဇနာမ် စကားလုံးတွေဟာ
အပြင်မှာ လက်တွေ့မှာ မရှိတဲ့ အရာတွေများလား။
ပျော်ပျော်နေ
အခုပဲ ပျော်ပျော်နေတဲ့
ငါ့အတွက် ကမ္ဘာ့အကောင်းဆုံး ဟာသ။
ဒီနေ့ကမ္ဘာမှာ အစစ်တွေ ရှားရှားလာသတဲ့
ဒီနေ့ကမ္ဘာမှာ ခေတ်စားလာတာ
စိတ်ကိုလှည့်စားမယ့် အလိမ်အညာတွေ
ဖျားယောင်းသွေးဆောင်မှုတွေနဲ့ ငွေကြေး
မျက်နှာလွှဲခံထားရတဲ့ ငိုကြွေးသံတွေအတွက်
ဘယ်သူသေသေ ငါရှင်ရင်ပြီးရောတွေ များလာတဲ့
ကမ္ဘာမှာ
ငါ ပျော်ပျော်လာတယ်
ခံနိုင်ရည်တွေ အရည်ပျော်ပျော်လာတယ်
အကောင်းမြင်စိတ်တွေ အရည်ပျော်ပျော်လာတယ်
ပျော်ပျော်နေ
အခုပဲ ပျော်အောင်နေတဲ့
ငါ့အတွက်တော့
ကမ္ဘာ့အကောင်းဆုံး ဟာသ။ ။

င်းဆက်နောင်

(၁၉၊ဇွန်၊၂၀၀၉။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s