ကလေးတစ်ယောက်နှင့်စကားပြော

Posted On July 17, 2009

Filed under Uncategorized

Comments Dropped leave a response

ဘာသာဗေဒရဲ့အစဟာ
အဲဒီလောက် ချစ်စရာကောင်းမှန်း
ကိုယ်တွေ့သိရမှ
ထပ်တူထပ်မျှ  သိရမှာပါပဲ။
ထွက်သစ်စသွားဖြူကျဲကျဲလေး
လေတိုးသံနဲ့ မပီသပုံက
ပြုံးချင်စရာ။
“အာဘွား”ကစလို့
သားချင်းအမည်များမှ
အရာဝတ္ထုများအကြောင်း
စကားတစ်လုံးစီချင်း
စကားတစ်စုစီချင်း
တစ်ဆင့်ချင်း တစ်ဆင့်ချင်း
မရှင်းမရှင်းကနေ ရှင်းရှင်းလာမယ်
မပီမပီကနေ   ပီပီလာမယ်
ချစ်ဖို့ကောင်းပါတယ်
စိတ်ဝင်စားဖို့ကောင်းပါတယ်
မင်းအနားမှာရှိလာတဲ့အခါ
မင်းလည်းသိလာမှာပါပဲ။
ဘာသာဗေဒရဲ့အစဟာ
အဲဒီလောက်ချစ်စရာကောင်းကြောင်း……။
လင်းဆက်နောင်

( ဖြူစင်နုနယ် ကလေးငယ်လေးများကိုချစ်ခင်စောင့်ရှောက်ကြပါစို့)

လင်းဆက်နောင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s