ဇူလိုင်မိုး

Posted On August 9, 2009

Filed under Uncategorized

Comments Dropped leave a response

ငါ့ရဲ့အနာဂတ် အဓိပ္ပါယ်တွေလို

မင်းနာမည်ကို သတိတရဖွင့်ဆိုရေရွတ်လို့

နာကျင်ကြေကွဲမှုနဲ့

ကောင်းကင်ကို မော့ကြည့်မိတဲ့အခါ

ငါ့ဘဝနေ့စွဲတွေထဲ

ခဏတာလင်းလတ်သွားတဲ့ လျှပ်စီးတစ်ခုလို

မင်းစိတ်ကစားမှုများ

တရိပ်ရိပ်နဲ့ညို့တက်လာတဲ့ မိုးသားတွေလို

ငါ့အလွမ်းအဆွေးများ

ရွာနေတဲ့မိုးထဲ

တစ်ယောက်တည်း အတိတ်ဆီ ငေးမောရီဝေရင်း

မင်းကိုသတိမရတော့ဘူးလို့

ငါ့စိတ်ကို အကြိမ်ကြိမ်လှည့်ဖျားနေမိတယ်

ငါ့ကိုငါ အထပ်ထပ်ညာညာနေမိတယ်

ငါတို့နှစ်ယောက်အတူဆောင်းနေကျ ထီးလေးတစ်လက်လို

ငါ့အနာဂတ်ကို မင်းခေါက်သိမ်းထားလိုက်တဲ့အခါ

ငါ့သစ္စာတရားကို မင်းလျစ်လျူရှုထားလိုက်တဲ့အခါ

မင်းနာမည်နဲ့ရွာတဲ့ မိုးစက်လေးတွေက

အငြိုးနဲ့ ပြင်းပြင်းထန်ထန်

ငါ့ရင်ဒဏ်ရာတည့်တည့်ကို

လာလာမှန်နေတော့တာပဲ ညီမလေး။ ။ 

သုမင်းညို

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s