ညီမလေးသိရဲ့လား

Posted On August 9, 2009

Filed under Uncategorized

Comments Dropped leave a response

ညီမလေးသိရဲ့လား
တောင်ပေါ်ဒေသ မြူရစ်ဆိုင်းကျနေတဲ့
ညီမလေးတို့ဒေသမှ
တောင်တန်းတွေ တစ်လျှောက်
ကိုယ့်စိတ်တွေ ရစ်ပတ်ရှည်လျားနေရပြီ
ညီမလေးသိရဲ့လား
ချစ်တယ်ပြောတတ်တဲ့ညီမလေး
ဒီဒေသကိုအရင်က
စိတ်ကူတွေနဲ့ အကြိမ်ကြိမ်ရောက်လို့
နွေးထွေးခဲ့ဖူးတယ်လေ…
ညီမလေးသိရဲ့လား
အခု
မိုးဖွဲလေးကျနေတယ်
ညီမလေး ရှိနေခဲ့တဲ့ ဒီဒေသမှာ
ညီမလေး ခြေရာတွေကအစ
ညီမလေး ရှုထုတ်ခဲ့တဲ့ လေလေးတွေအဆုံး
ကိုယ်ရှာဖွေ လွမ်းမောခဲ့ရပေါ့
ညီမလေးသိရဲ့လား
အသွားမှာအပြန်အတွက် စိုးထိတ်လို့နေရတယ်
စိတ်ချညီမလေးရေ
လွမ်းမောဖွယ် ဒီဒေသကို
ညီမလေး ပြန်ရောက်ခဲ့ရင်
ကိုယ့်အလွမ်းတွေ တွေ့မှာပါ
မိုးအရမ်းရွာရင်အလွမ်းတွေ အရမ်းငိုတတ်တယ်
မိုးတစ်စက်ကျရင်
အေးခဲတဲ့နှလုံးသားကို
တစ်ချက်ပြန်လာရိုက်တာမို့
ညီမလေး မသိနိုင်မှာ စိုးထိတ်တယ်။ ။
ကိုထူး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s