အိမ်ပြန်ချိန်

Posted On August 9, 2009

Filed under Uncategorized

Comments Dropped 2 responses

 

ရထားတွဲတွေ တစ်တွဲနဲ့တစ်တွဲ ချိတ်ဆက်ထားပုံက

ပျော်ရွှင်မှုတွေ ချိတ်ဆက်ထားသလို

ပေါ့ပါးလွတ်လပ်မှုနဲ့ ရထားပေါ်ခုန်တက်လိုက်မိစဉ်

ဘူတာရုံလေးဟာ လက်ပြနှုတ်ဆက်လို့

ရထားခုန်သံတွေလို နှလုံးခုန်သံတွေဆူညံသွား

ရထားပြတင်းပေါက်လေးဆီ မျှော်အငေးမှာ

ရှုမျှော်ခင်းတွေလို မြို့ပြမွန်းကျပ်မှုတွေ

တစ်ခုပြီးတစ်ခု ပြတ်ကျကျန်ရစ်ခဲ့

ရွေ့နေတဲ့ရထားလေးပေါ်ကနေ

အပြင်းစားသတိရစိတ်တွေကို

နွေးထွေးတဲ့အမေ့အိမ်လေးဆီ စိတ်ကူးနဲ့

ခဏခဏ တွန်းရွေှ့နေမိတော့တယ်။  ။  

သုမင်းညို

idea magazine aug 2009

Advertisements

2 Responses to “အိမ်ပြန်ချိန်”

  1. မောင်ဘုန်း

    ဒီကဗျာကို မဂ္ဂဇင်းမှာတွေ့ကတည်းက အကို စဉ်းစားမိတယ်။ ဒါအကိုတို့ ကျောင်းရဲ့ sense ပဲ။ အပြင်လူတွေထက် အကိုတို့က ပိုထိတယ်။ ကဗျာအနေနဲ့ဆိုရင် အနုပညာဓာတ်ပါဝင်မှုလည်း များပါတယ်။

  2. မြတ်ဝေ

    ဒီကဗျာလေးက ထိတယ်ဗျာ…..။
    အိမ်ပြန်ချိန်ကိုခုထိမျှော်နေမိတုန်း။
    ခံစားချက်အမှန်ဆိုတော့ ရင်ကိုလာမှန်တာပေါ့ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s