ညီမလေးသို့အမှတ်တရ

Posted On August 30, 2009

Filed under Uncategorized

Comments Dropped leave a response


(၆)
အတူလျှောက်ခဲ့ဖူးသောလမ်းများ ၊ အတူထိုင်ခဲ့ဖူးသောကော်ဖီဆိုင်များ ၊ အတူရယ်မောပျော်ရွှင်ခဲ့ကြသော ပျော်ရွှင်စရာနေ့စွဲများ ၊ သူမနှင့်ပတ်သက်ခဲ့ဖူးသမျှ အရာရာတို့သည် ကျွန်တော့်အတွက် အသက်မဲ့ဝေဒနာနှင့် အထီးကျန် သွေ့ခြောက်နေခဲ့ပြီး  သူမဧ။်ချစ်ခြင်းသည်လည်း အခြားသောတစ်ယောက် ရဲ့ရင်ခွင်မှာ စိမ်းလန်းမွှေးပျံ့ နေပေမည် ။ ကျွန်တော့မှာသူမမရှိတော့သော နေ့စွဲများကို သူမရှိခဲ့ဖူးသောနေ့စွဲများအတိုင်း လွမ်းဆွတ်နေထိုင်ခဲ့ရပြီး သူမနှင့်ပါတ်သက်သည့်နောက်ဆက်တွဲနေထိုင်မှုများကို ကဗျာရေးဖွဲ့ရင်း ကုန်လွန်ဖြတ်သန်းနေခဲ့ရသည် ။(သူမသိနိုင်တော့မည်မဟုတ်ပါ )။
သူမအကြာင်းသတိတရ များစွာနှင့် နေ့စွဲများကို ခက်ခဲစွာဖြတ်သန်းနေရသော ကျွန်တော့်အကြောင်းသည် သူမအတွက်ရယ်စရာတစ်ခု ဒါမှမဟုတ် ပျင်းရိဖွယ်ကောင်းသော ပုံပြင်လေး တစ်ပုဒ် ဖြစ်ခဲ့ပြီး သူမအကြောင်းအရာများသည် ကျွန်တော်ပြန်တွေးမိတိုင်း သွေးမတိတ်တော့သော ဒဏ်ရာတစ်ပုဒ် ၊ နာကျင်စရာ သွေးစို့နေသော ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါသည် ။ ဇာတ်လမ်း တစ်ပုဒ်ကို ကိုယ်တိုင်ခံစားရေးသားပြီး ဇာတ်လမ်းအဆုံးတွင် ထို ဇာတ်လမ်းထဲမှ မင်းသမီးလေးကို သတိရ လွမ်းဆွတ်နာကျင်နေမိပါသည် ။ တကယ်တော့ သူမသည်  ကျွန်တော့် အိမ်မက် များစွာထဲမှ အိမ်မက်သစ်လေးတစ်ခုဖြစ်ပြီး ကျွန်တော့်မျှော်လင့်ခြင်းများစွာထဲမှ အတောက်ပဆုံး မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါသည် ။

(၇)
သူမကြောင့် မတော်တဆပျံ့ကျဲသွားသော ကျွန်တော့် အိမ်မက်အပိုင်းအဆလေးများကို သူမနဲ့အဝေးမှာ တစ်ယောက်တည်းဆက်စပ်မိနေတယ်ဆိုတာ  သူမသိသွားခဲ့လျှင် အ၇င်လိုသူမရယ်သံလွင်လွင်လေးကြားရဦးမှာလား ““ဟွန့်….ဟုတ်လဲဟုတ်ပဲနဲ့ ”” ဆုတဲ့သူမကိုယ်ပိုင်ဟန်လေး ကြားရဦးများဆိုတာ  ဘယ်တော့မှ မသေချာတော့သော အိမ်မက်တစ်ခုဖြစ်ခဲ့ပါသည် ။
သေချာသည်မှာ ကျွန်တော့်ရင်ဘက်ထဲမှ ရွက်ကြွေများသည် သူမနင်းလျှောက်ရန်အတွက် နာကျင်စွာတဖွဲဖွဲကြွေကျနေပြီဖြစ်သည် ။

သုမင်းညို
(““ ရွက်ကြွေ   လမ်းမှ  အိမ်မက် အပိုင်းအစများ”” ၀တ္ထုတိုမှ )
(ရေးဖူးတဲ့တစ်ပုဒ်တည်းသောဝတ္ထုတိုပါ …..အရမ်းရှည်နေလို့ အဆုံးပိုင်းလေးပဲတင်ထားပါတယ်)
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s