ညီလေး(သို့) အဝေးကမီးလျှံတစ်ခု

Posted On October 10, 2009

Filed under Uncategorized

Comments Dropped one response

အဝေးက
တယ်လီဖုန်းတစ်ဖက်ဆီက
မင်းကြောင့်ရတဲ့ အဆင်မပြေမှုတွေကို
အခုထိ ကြားနေရတုန်းပဲ ညီလေး
အရင်လို လေလွင့်နေတုန်းပဲဆိုတဲ့
စိုးရိမ်စရာ သတင်းအခြေအနေတွေနဲ့
မင်းက အဝေးကမီးလျှံတစ်ခု
အဖေနဲ့အမေရဲ့ စိုးရိမ်ဖွယ်ရာ
မိုးလေဝသတင်းတွေနဲ့
မိသားစုဆီ ထိုးကျနေတဲ့အပူရိပ်က
ငါ့ရင်ကို ကူးစက်ပူလောင်လို့
အရာရာဟာ စွန်းလွယ်ထင်လွယ်
စိတ်ဓါတ်အဖြူရောင်နဲညီလေး
မင်းဆက်ပြီး လေလွင့်မနေပါနဲ့တော့ကွာ
ငါတို့ဟာ လူငယ်
ငါတို့ဟာ အနာဂတ်ရဲ့ ကြယ်တွေ
၂၁ ရာစုထဲမှာ နည်းပညာအသစ်သစ်တွေနဲ့
ရွေ့စရာလမ်းတွေ အများအပြားနဲ့
တိုက်စစ်အားနည်းမှုနဲ့ ကျားကန်ထားရတဲ့
မိသားစုအခြေအနေအတွက်ပဲဖြစ်ဖြစ်
တစ်စထက်တစ်စ ယိုယွင်းပျက်စီးနေတဲ့
တန်းဆင်းဇုန်ထဲက ကမ္ဘာကြီးအတွက်ပဲဖြစ်ဖြစ်
မင်းကိုယ်တိုင် ခြေစွမ်းပြပြီး သွင်းယူရမယ့်
အဆုံးသတ်ကောင်းတဲ့ အနိုင်ဂိုးတွေ
အမှန်တကယ်လိုအပ်နေပြီ ညီလေး ။ ။

သုမင်းညို

Advertisements

One Response to “ညီလေး(သို့) အဝေးကမီးလျှံတစ်ခု”

  1. ကလျာ

    ကဗျာလေးက ဆန်းသစ်တယ်။ တမျိုးလေး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s