တစ်ဖက်ပိတ်တယ်လီဖုန်းတစ်လုံးနဲ့ အဝေးပြော

Posted On November 28, 2009

Filed under Uncategorized

Comments Dropped leave a response

အရင်တုန်းကလိုပဲလို့ ရှင်ကထင်နေတုန်းပဲလား အဲ လိုတော့လည်း မဟုတ်ပါဘူး သတိရလို့ပါ
တကယ်တကယ် ဘာကိုမှ မမျှော်လင့်တော့တဲ့ ကျွန်မရဲ့ အငြင်း  စကားလုံးတွေရဲ့ နောက်မှာ
ဝန်ခံချက်နဲ့  အသံတိုးတိုးလေး တိုးဝင်သွားတယ်  ရန်ကုန်မှာတော့  ရှင်  အဆင်ပြေ   ရဲ့လား
သည်မှာတော့  အဆင်ပြေနေတယ်ရယ် လို့တော့လည်း မဟုတ်ပါဘူး ဒီလိုပါပဲ ဆိုရင်ပြောမိရင်
ခပ်ပေါ့ပေါ့ ပြောပြန်ပြီလို့ မပြောလိုက်နဲ့ ဦးနော် ပြေအောင်တော့လည်း  နေနေ ရတာပေါ့လေ
တစ်ခါတစ်လေကျတော့လည်း ပျော်သလိုပါပဲ များသောအားဖြင့် မလန်းတဲ့အခါ စိတ်ကျနေတဲ့
အခါတွေဆိုရင် ကိုယ့်အခန်းထဲမှာပဲ နေဖြစ်တယ် ဘယ်မှ ဘယ်ကိုမှ  လျှောက်မသွားတော့ဘူး
ဟိုတုန်းကလို ဘယ်သူ့ ဆီကိုမှ လည်း  သတိတရ လုံးဝ ဖုန်းမခေါ်  ဖြစ်တော့ဘူး  သိရဲ့လား

မသိချင်တော့ဘူးလား မယုံလည်းနေပေါ့ မယုံတာ ရှင့်လွတ်လပ်ပိုင်ခွင့်ပဲ ရပါတယ်နေပါ နေပါ
အတည်ကြီးပြောနေတာ အမြဲတမ်းတော့လည်း ဘယ်ဟုတ်ပါ့မလဲ တစ်ခါတစ်လေတော့လည်း
သတိတရ ရှိနေ တတ်ပါတယ်
ကိုယ်ရောက်ချင်နေတဲ့နေရာကို မရောက်တော့လည်း  ကိုယ်
ရောက်နေရာမှာ ရောက်နေရတဲ့ နေရာတွေ မှာတော့ အကောင်းဆုံး ဖြစ်အောင်တော့ ဘ၀ကို
နေထိုင် တည်ဆောက် ရွေ့ပြီးရင်း ရွေ့လျားနေရတာ အတတ်နိုင်ဆုံးတော့  ကြိုးစားပြီးနေနေ
ရတာပေါ့လေ ရှေ့ကိုရောက်နေတဲ့ သူတွေကလည်း အမြဲတမ်း ရှေ့မှာဆိုတော့ သံသယ ရှိစရာ
မလိုအပ်ပါဘူး သူ့အကန့်နဲ့သူပဲ ထားပါ ကျွန်မအကြောင်းလား ဒီလောက်ပါပဲ
ကျွန်မကိုပဲရှင်က
မေးမေးနေ ရှင်ရော အရင်လို ကဗျာရေးလိုက် စိတ်ကျလိုက်လမ်းတွေလျှောက်လိုက် လွင့်လိုက်
လေလိုက် ရွှေ့ခံရလိုက် ရွှေ့လိုက် ပဲလား ထင်သားပဲ သီချင်းလေးဘာလေးမရေးတတ်ဘူးလား
ရေးကြည့်ပါလား သေချာတယ်ဆိုတဲ့အရာလား မရှိဘူးလို့ထင်ပါတယ် သေချာမှု တစ်ခုခုကနေ
မသေချာမှုတစ်ခုဆီ ပြောင်းလဲသွားနိုင်တယ်လေ မသေချာမှုဆိုတာ သေချာမှု တစ်ခုပဲလို့တော့
စကားတတ်တိုင်းမပြောနဲ့ဦး ဟုတ်တယ်သူ့အကြောင်းနဲ့သူပါ လူတိုင်းမှာ ရွေ့လက်စ အကြောင်း
အရာတွေနဲ့ ရွေ့ဆဲရွေ့မြဲပါပဲ ကျွန်မ တော်တော် ပြောင်းလဲ သွားပြီ လို့ ရှင်က ထင်နေလို့လား
ထင်လိုက်ထင်ကိုထင်လိုက် ပြောင်းကိုပြောင်းလဲသွားတာပါ တကယ် အရင်လိုမနေချင်တော့ဘူး
ဆိုတာထက်မနေတတ်တော့တာလဲပါပါတယ် အဓိပ္ပါယ် တစ်ခုတစ်လေတော့ဘ၀မှာ ရှိချင်တယ်

ဘာပဲ  ဖြစ်နေ ဖြစ်နေလေ ရှင့်နဲ့ စကားပြောရင် ပျော်ပျော်လာတယ် ထင်တယ် သိပ်တော့လည်း
မသေချာတော့ဘူးနော်နေကောင်းရဲ့လားလို့ ရှင်မေးလိုက်တယ် ထင်တယ် ဟုတ်တယ် လူရော
စိတ်ရော နေလို့ ထိုင်လို့မကောင်းချင်ဘူး  အသံကိုကြား  နေရုံနဲ့ပဲ  ကျွန်  နေမကောင်းတာကို
ရှင်က  သိနေတယ် အံ့သြစရာပဲ ဒီလိုဆိုတော့လည်း ရှင်က  ဘယ်ဆိုးသေးလို့လဲ တော်တယ်    ။

သုမင်းညို
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s