ကြွေနေတဲ့ကြယ်

Posted On December 6, 2009

Filed under Uncategorized

Comments Dropped one response

ကြယ်တွေကြွေတဲ့အကြောင်းတွေလည်း မပြောဖြစ်ခဲ့တာကြာပြီအရင်လို
ငါ့ အကြောင်းအရာတွေဟာ မင်းအတွက် အတိတ်မှာ ကြွေနေခဲ့တဲ့ကြယ်
ငါကလွဲရင်  အရာရာဟာ အရင်အတိုင်း နေသားတကျနဲ့  အဆင်ပြေမှုနဲ့
တနင်္ဂနွေတွေ မြင်ကွင်းအသေတွေ ငြိမ် သက် ငေး မော  ကျန်ရစ်ခဲ့ရရာ
နေရာဟောင်းမှာ ခံစားချက်သာလှိုက်ခုန် ပူနွေးနေ မွန်းကျပ်ပြည့်သိပ်မှု
အရသာနဲ့ ထွက်ပေါက်မဲ့ဝေဒနာ  တွေးတွေးနေမိတာ မောမောလာတယ်
ဘာကိုမှမတောင်းဆိုချင်တော့တဲ့ ခံစားမှုမျိုးနဲ့ ဖော်ပြလို့ မရနိုင်တော့တဲ့
ဒဏ်ရာအရပ်ရပ် ဘာကိုမှ ထပ်မရေးတော့ဘူးဘာမှထပ်မတွေးတော့ဘူး
အငြင်းတွေရဲ့ နောက်မှာ တစ်ချိန်တုန်းကရေးခဲ့ဖူးတယ်ဆိုတဲ့ ကဗျာတွေနဲ့
တွေးခဲ့ဖူးပါတယ်ဆိုတဲ့ ၀န်ခံချက်နဲ့ အနီးဆုံးရှိခဲ့ဖူးသောအတိတ်နေ့စွဲများ
မှသည် အဝေးဆုံးသော တစ်နေ့နေ့တွေသို့ သတိတရနဲ့ဝေးကွာလာတယ်
တဖြည်းဖြည်း အေးစက်နေတတ်သွားမှာပါဆိုတဲ့ စကားသံဟောင်းတွေနဲ့
ရှုပ်နေတဲ့ ငါ့အခန်းကိုကြည့်ပြီး  ရယ်တတ်တဲ့ မင်းရယ်သံလှလှတွေလည်း
ပြန်လာလိမ့်မယ်မျှော်လင့်စိတ်တစ်ခုနဲ့ ဖွင့်ထားမိခဲ့တဲ့ ငါ့အခန်းတံခါးလေးနဲ့
အတူ ပိတ်ထားလိုက်တယ် တွေဝေ မပြတ်သားမှုဓါးသွားတွေစိုက်ဝင်နေတဲ့
အတွေးတွေနဲ့ မင်းရနံ့တွေ စွန်းကျန်ခဲ့တဲ့   ငါ့အင်္ကျီလေးလည်း  ကြေကွဲမှုနဲ့
နာကျင်မှုတွေနဲ့  အတူ  ခေါက်သိမ်း  ထားလိုက်တော့မယ်  ငါ့  စိတ်တွေလို ။

သုမင်းညို

၅   ဒီဇင်ဘာ ၂၀၀၉

Advertisements

One Response to “ကြွေနေတဲ့ကြယ်”

  1. ကလျာ

    ဖတ်ပြီး စိတ်ထဲ မောသွားရတဲ့စာ…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s