ဆင်ခြေဖုန်း/ကမ္ဘာ

Posted On December 19, 2009

Filed under Uncategorized

Comments Dropped leave a response

လူသားတစ်ယောက်ရဲ့  စိတ် အကန့်အသတ်များကို ဖျက်ဆီး
ဂြိုလ်ကြီးများအထိ ခြေဆန့်ခဲ့ပြီး အမှောင်တိုင်းကို
လင်းစေခဲ့ပြီ ။ ရောက်ချင်တဲ့နေရာတိုင်းကို ခဏချင်း ရောက်စေနိုင်တဲ့
ဆက်သွယ်မှုတွေနဲ့ ၊ ငွေရှိရင် လ ကမ္ဘာမှာ ခြံလေး မြေလေး
ပြေးဝယ်ထားလို့ ရတယ် ။
မနက်ဖြန် ကျောင်းလခ သွင်းရမယ် မေမေ
ညှိုးငယ်သော စိတ်ထားဖြင့် သေနေသော စိတ်ထားဖြင့်
ပြားနေသော စိတ်ထားဖြင့် မိခင်ကိုပြောဖို့ အားယူနေတဲ့
ကလေးတစ်ယောက်ရဲ့  ဦးနှောက်ထဲ အတွေးထဲ အငွေ့တွေနဲ့ ။

နျူဓါတ်ပေါင်းဖိုကြီးတွေ စက်ရုံကြီးတွေက စွန့်ထုတ်လိုက်တဲ့ အငွေ့တွေလို
လူလူချင်း စစ်ပွဲတွေရဲ့  အထက်မှာ ဝေ့ပျံနေတဲ့ ယမ်းခိုး အငွေ့တွေလို
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပျော်ကျလာတဲ့ ရေခဲမြစ်က အငွေ့တွေလို
အငွေ့တွေနဲ့
ဆင်ခြေဖုန်း/ကမ္ဘာ ။ ။

လင်းဆက်နောင်
၁၄၊၁၂၊၂၀၀၉

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s