အလေ အလွင့်များများနဲ့ သစ်ရွက်တွေ အရမ်းကြွေလွန်းတယ် မေမေ

Posted On December 29, 2009

Filed under Uncategorized

Comments Dropped leave a response

အလေအလွင့်များများနဲ့ သစ်ရွက်တွေ အရမ်းကြွေလွန်းတယ်ရာစုသစ်ကမ္ဘာမှာ
အသစ်အသစ်သောယဉ်ကျေးမှုတွေမှာ အသားကျနိုင်ဖို့ ပျော်ဝင်နိုင်ဖို့ တိုးတက်
ပြောငိး လဲ / လွဲ လာတဲ့ ရေစီးကြောင်းနဲ့ က  မ္ဘာမှာ အဆင်ပြေအောင် ဆန်တက်
ကူးခတ် ရွေ့လျား သွား နိုင်ဖို့ နေထိုင်နိုင်ဖို့ ခပ်လန်းလန်းခပ်ကျကျခပ်မိုက်မိုက်

ဖက်ရှင်  ဒီဇိုင်းတွေနဲ့ စတိုင်လ်တွေနဲ့ နောက်ဆုံးပေါ် ရုပ်ဝတ္ထုတွေ ပစ္စည်းတွေနဲ့
လန်းနိုင်ဖို့ မိခင် ဘာသာစကားတွေကို ကျော်လွန်တဲ့ ဘာသာ စကားတွေ အရေး
အဖတ် အပြော အကျွမ်း တ၀င် အရေးတယူ ကျွမ်းကျွမ်း ကျင်ကျင်  ရှိဖို့  ရှိနိုင်ဖို့
အပေါစား မေတ္တာတရားတွေ အပျော်ဖတ်တွေနဲ့ ဖန်စီတွေဆီ ဆန့်ကျင်ဘက်လိင်
နိုင်ငံရပ်ခြားနဲ့ နိုင်ငံကျော် စတား ပေါ်ပြူလာတွေဆီ စိတ်အာရုံကို တိမ်းညွတ်ရွေ့
ပစ်လိုက်ဖို့ ဗိုင်းရပ်စ်ကူး ပစ်လိုက်နိုင်ဖို့ ကလုံးပွားပစ်လိုက်နိုင်ဖို့   ဆိုတာတွေထက်
ပိုတဲ့ လူသားဆန်တဲ့ ယုံကြည်ရာအဓိပ္ပါယ်တွေ ဖွင့်ဆိုမှုတွေ မရှိနိုင်တော့ဘူးလား
မေမေ တိုးတက် ခေတ်မီလာတဲ့ သိပ္ပံပညာရဲ့ စမ်းသပ်ထီထွင် ဖွံ့ဖြိုးမှုတွေနဲ့ အတူ
ူလူတွေ မေ့လျော မသိဟန် ဆောင်ထားမိတဲ့ သေခြင်းတရား  ဟာလည်း   ခေတ်မီ
ဆန်းသစ်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်းသစ်တွေနဲ့ နာမည်အသစ်တွေနဲ့ အရင်ပြီး အရင်
ဆိုသလိုပဲ  အလျင်စလို အစရှိသဖြင့် အဆုံး မသတ်နိုင်တော့တဲ့ ကမ္ဘာရဲ့အဆုံးသတ်
သီအိုရီများ အယူအဆများ ထင်မြင်ချက်များ တစ်နေရာပြီးနောက် တစ်နေရာတွေဆီ
တစ်ယောက်ပြီး တစ်ယောက်ဆီ အလင်း တစ်စရဲ့အလျင်လို   လေလို ကင်ဆာ လို ပျံ့ / ဖြန့်သွားတဲ့အခါ ကျ လွယ် / နေတဲ့စိတ်တွေနဲ့  အဆင်မပြေမှုဟာ   အခန်းလုံး
အပြည့်ပဲ့တင်ထပ်ပြီး သွေးကြောထဲ ဖိတ်စင်လျှံကျနေတဲ့ အန္တရယ်တွေနဲ့အသက်ကို
ဆက်ဆက်နေပြီး ရွေ့နေ ကျဉ်းမြောင်းတဲ့အမြင်တွေနဲ့လမ်းတွေမှာ ဆက်စပ်မှုတစ်ခု
တစ်လေ တစ်စုံတစ်ရာတွေမှသည် တဖြည်းဖြည်းနဲ့ တစ်နေ့ တစ်နေ့တွေဆီ ငြီးငွေ့
သွေ့ခြောက်စွာခံစား ရွေ့လျား သွားလာနေထိုင်ရင်း ဖြတ်သန်း  ကျော်လွှား နေမိရင်း
အလေ  အလွင့်များများနဲ့ သစ်ရွက်တွေ အရမ်းကြွေလွန်းတယ် မေမေ ကမ္ဘာထဲမှာ ။   ။

သုမင်းညို

၂၅  ဒီဇင်ဘာ ၂၀၀၉
ညနေ ၁၂း ၃၀ နာရီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s