ပြ န်မ ဆုံနို င် ေ တ ာ့ဘ ူး ဆုိ ေ ပ မ ယ့် လ ည်းေ လ

Posted On December 31, 2009

Filed under Uncategorized

Comments Dropped one response

မင်းမရှိတော့တဲ့ နေရာမှာ သွေ့ခြောက် တိတ်ဆိတ် နေတဲ့ ငါ့ အသက်ဆက် နေထိုင်မှုတွေနဲ့ နေ့စဉ်
သံစဉ် အဟောင်းတွေစာသား အဟောင်းတွေကိုပဲ သီခတ် သီဆို မိနေတယ် ပြီး ဆုံး သွားခဲ့ကြပြီ
ဆိုပေမယ့်လည်းလေ ငါတစ်ယောက်တည်း မပြီးနိုင် မဆုံးနိုင် သတိတရနဲ့ အခါခါ ပြန်ဖတ်နေမိတဲ့
ဇာတ်လမ်းဟောင်းလေး တစ်ပုဒ်လိုပေါ့အဆုံးမသတ်တော့တဲ့ အဆုံးမသတ်နိုင်တော့တဲ့ ဇာတ်လမ်း
ဟောင်းလေးကို ပြန်မတွေးသင့်တော့ဘူး ဆိုပေမယ့်လည်းလေ ပြန်ပြန်ပြီး တွေးနေတယ် ဝေးကွာ
သွားပြီးတဲ့ နောက်မှာ မွန်းကျပ်စွာ ငါ့စိတ်ကို ပြန်ပြန်ပြီး ညာနေမိတယ် ဖွဲမီးလို အစွဲအလမ်းဟာ
ငါ့အတွေးစိတ်ကို တမြေ့မြေ့ ကျွမ်း လောင် လှိုက် စားလို့ြ ပန်တွေ့ကြတဲ့အခါ ဘာမှ မဖြစ်တော့တဲ့
ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့ ဘာမှ မခံစားခဲ့ရတဲ့ ဘာမှ မဖြစ်ခဲ့ကြတဲ့ ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ်ပေါ့ ပြန်ပြီး
မတွေ့ချင်တော့ဘူး ဆိုပေမယ့်လည်းလေ ပြန်ပြီး တွေ့ချင်နေမိသေးတယ် ပြန် မရေးသင့်တော့ဘူး
ဆိုပေမယ့်လည်းလေ ကဗျာတွေ ပြန်ရေးနေမိသေးတယ် အရင်လို နေရာဟောင်းလေးမှာအရင်လို
ရယ်သံတွေနဲ့ အရင်တုန်းကအတိုင်း မင်းတစ်ယောက်ပျော်နေတာကိုအမြဲပဲ မြင်ချင်ခဲ့ပါတယ်ဆိုတဲ့
အရင်နေ့စွဲတွေက မင်းတစ်ယောက်ရယ်သံတွေကို အမြဲပဲ ကြားချင်ခဲ့ပါတယ်ဆိုတဲ့ အတိတ်တုန်းက
ငါ့ကတိ စကားသံဟောင်းတွေရှိရာ နေ့စွဲတွေဆီ ပြန်မှန်းဆမျှော်ရီပြီး ပြန်မရနိုင်တော့တဲ့ အရာကို
ပြန်မရနိုင်မှန်း သိနေခဲ့တယ် ဆိုပေမယ့်လည်းလေ အတွေးတွေနဲ့ နေ့ စဉ် ရက် ဆက် များသထက်
များများလာတဲ့ အိပ်ပျက်ညတွေနဲ့ လေ လွင့် ကြွေ ကျ ပျက်စီးသွားခဲ့ရလေတဲ့ ငါ့အိမ်မက်ဟောင်း
အနွမ်းလေးတွေနဲ့ ပြန်မြင်ယောင်မိလေတဲ့ ကလေးဆန်ဆန် မင်း ကိုယ်ပိုင်ဟန်လေးတွေနဲ့ ကဗျာ
ရေးတာကိုမကြိုက်တဲ့မင်းအကြောင်းကို နာကျင်စွာကဗျာတွေရေးရင်းနဲ့ မင်းနဲ့ ပတ်သက်လာသမျှ
အရာရာကို စိတ်လှုပ်ရှားလွယ်လွန်းခဲ့တဲ့ဝေဒနာတွေနဲ့ ငါယုံကြည်ခဲ့မိရာ ချစ်ခြင်းမေတ္တာဆုတောင်း
သစ္စာတွေအထပ်ထပ်နဲ့ ပြန် ၀န်ခံချင်ပေမယ့်လည်းလေ ပျောက်ရှ ပျက်စီး ပြို လဲ သွားခဲ့ရလေတဲ့
စကားလုံးလေးတွေနဲ့ အရင်က ရှိနေကျ နေရာဟောင်းလေးမှာ သေ သပ် လှ ပနေဆဲ ခမ်းနားနေဆဲ
ဒဏ်ရာဟောင်းလေးတွေနဲ့ ညီမလေးရယ် ပြ န် မ ဆုံ နို င်ေ တာ့ ဘူး ဆို ပေ မ ယ့်လ ည်းေ လ ။ ။

သုမင်းညို
၃၁ ဒီဇင်ဘာ ၂၀၀၉
ည ၂ ၀း ၃ ၅ နာရီ

Advertisements

One Response to “ပြ န်မ ဆုံနို င် ေ တ ာ့ဘ ူး ဆုိ ေ ပ မ ယ့် လ ည်းေ လ”

  1. heinminaung

    အရမ်းကောင်းပါတယ်ကျွန်တော်ရဲ့ ခံသားချက်နဲ့ လည်းကိုက်ညီတော့အရမ်းစဘောကျပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s