မြို့ပြချတ်ရွန်းကြီးထဲမှာ တစ်နေကုန် ဟိုပြော သည်ပြော

Posted On December 31, 2009

Filed under Uncategorized

Comments Dropped leave a response

စ၀င်လိုက်မိပြီဆိုတာနဲ့ ရှုပ်ပွနေတဲ့စကားလုံးတွေနဲ့ ၀င်မတိုက်မိအောင် ရှောင်ရှေုာင်နေရတယ်
အင်တာနက် ၊ အီးမေးလ်ခေတ်ကြီးထဲမှာ ခေတ်မီဖို့အတွက် အနည်းဆုံး ဂျီတော့လောက်တော့
ပြောတတ် ဆိုတတ်ရမယ် မေးလ်လေး တစ်ခုလောက်တော့ ရှိသင့်တယ်ဆိုတဲ့ ခေတ်ကြီးထဲက
မြို့ပြ ချတ်ရွန်းကြီးထဲ တိုးဝင်နိုင်ဖို့ ခေတ်စားနေတဲ့ ခေတ်ပေါ် အထာတွေ ဘာသာစကားတွေ
သင်္ကေတတွေ အရေးအသားတွေ သိဖို့ အရင်ဆုံး လိုအပ်လာတယ် ဒါတွေပြောနေသေးရင်ပဲ
ခေတ်မမီတော့တာ လိုလို ပြတ်ကျန်ခဲ့တာ လိုလို ခပ်ပိန်းပိန်းတစ်ယောက်လိုလိုပဲဆိုတဲ့ လူတွေရဲ့
အထက်တန်းကျကျ အကြည့် ၊ အပြော နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ပဲဖြစ်ဖြစ် ခေတ်ရဲ့ယဉ်ကျေးမှု နဲ့
အညီ လတ်မှတ်တစ်ခုခု ပြီးဆုံးအောင်မြင်ထားကြောင်း အမှတ်သားတစ်ခုခုကို ဆေးမင်ကြောင်
ထိုးထားနိုင်ဖို့ပဲ ဖြစ်ဖြစ် လိုအပ် / တောင်းဆို လာတဲ့ အကြောင်းအရာ တွေကို တစ်ကြောင်းဆွဲ
အပြေးအလွှား ကပျာကယာ အရေးတကြီး တတ် / သိထားနိုင်ဖို့ စနေ တနင်္ဂနွေ အထူး သီးသန့်
တစ်ပတ် တစ်လ အပြီး အပြတ် အမြန် စသဖြင့် သင်တန်းမျိုးစုံဆီ တရွေ့ပြီးတရွေ့ နဲ့ တစ်နေကုန်
တစ်ဖက်နိုင်ငံမှာ မလန်းတော့ရင် ဒီဘက်ကို ပြန်ရွေ့ ခဲ့ပါလားဆိုတဲ့ ဘယ်တော့မှ မအေးစက်တဲ့
နွေးထွေးမှုနဲ့ မိခင်မြေမှနိုင်ငံရပ်ခြားဆီသတိရကြောင်း ပြေရာပြေကြောင်း ပို့လိုက်တဲ့မေးလ်တွေ
ဖုန်းခေါ်သံတွေ ကျောချင်းကပ် အနေအထား အမျိုးမျိုး အနီး / အဝေး အသံများ စာသားများ
ဆူညံ ပြေးလွှား နေတယ် တန်ဖိုးကြီး တံဆိပ်တွေနဲ့ ဒီဂျစ်တယ်ခေတ်ကြီးရဲ့ အ ပျင်း / ပြင်းစား
ရိုက်ချက်တွေမှာ သတင်းနဲ့ နည်းပညာ ခေတ်ရဲ့ အ ပေါ့ / ပေါစား ဖျော်ဖြေရေးသတင်းတွေထဲမှာ
အပျော်ဖတ်တွေထဲမှာ ကွာလတီမဂဇင်းတွေထဲမှာ ကြော်ငြာဆိုင်းဘုတ်တွေထဲမှာ သွေးပျက်ဖွယ်
ထိတ်လန့် အသက်ရူမှားလောက်အောင် အနုပညာတန်ဖိုးရဲ့ အခန်း / အပိုင်းတွေ ဟာ ပြောင်းပြန်
ဇောက်ထိုးမိုးမျှော်နဲ့ မှေးမှိန်လာတယ် စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းမေတာတွေ ကိုးရီးယားနာမည်နဲ့
ပျံ့နေတဲ့ ဗိုင်းရပ်(စ်) ပိုးတွေကိုကြည့်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ကမာပြားပြီဆိုတဲ့ အယူအဆများ
စကားလုံးတွေ အပေါ် သံသယ / ဒွိဟ စိတ်နဲ့ တွေဝေနေချိန်မရှိ တစ်နာရီ လေး / ငါး / ခြာက် ရာ
မြန်မြန်ပြောရတယ် များများပြောရတယ် အချိန်နဲ့ တပြေးညီ လက်ရွေ့ပုံကအစ အသက်ရူပုံမှာအဆုံး
မြို့ပြချတ်ရွန်းကြီးထဲမှာ မြန်မြန်ဆန်ဆန် လှုပ်ရှား အပျော်ဖတ် ၀တကိုပြန်ရိုက်ထားတာဆိုတော့
ဖန်စီသက်သက်လောက်ပဲ ရည်ရွယ်ပါတယ်ဆိုတဲ့ခေတ်ပေါ်ဇာတ်ကားတစ်ကားလိုပဲပေါ့ ပေါ့ပေါ့ပါးပါး
မြို့ပြချတ်ရွန်းကြီးထဲမှာ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေနဲ့ တစ်နေကုန် ဟိုပြော သည်ပြော။ ။

သုမင်းညို
၃၀ ဒီဇင်ဘာ ၂၀၀၉
နံနက်၀၈း ၄၀ နာရီ
(အခုနောက်ပိုင်းမှာ ရေးဟန် အပြောင်းအလဲ လုပ်ထားတဲ့ ကဗျာတွေပဲတင်ဖြစ်ပါတယ်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s