2010 ရဲ့ချစ်သူများနေ့ အမှတ်တရ ကဗျာများ

Posted On February 11, 2010

Filed under Uncategorized

Comments Dropped 3 responses

ဖေဖော်ဝါရီ ၁၀
10th February

?ui=2&view=att&th=126bad90c8133396&attid=0.1&disp=attd&realattid=ii_126bad90c8133396&zw

်ေ ခ တ် ကျ န က ဗျာ များ

?ui=2&view=att&th=126badc0bc1f9537&attid=0.1&disp=attd&realattid=ii_126badc0bc1f9537&zw

?ui=2&view=att&th=126badda4c752ee3&attid=0.1&disp=attd&realattid=ii_126badda4c752ee3&zw

စိုးနောင်(မုံရွာ)

ဇော်ထွဏ်း

ဘုန်းနေသွန်း

မင်းစိုးရာ

မြင့်ဦးအောင်

မြတ်ဝေ

လင်းဆက်နောင်

သုမင်းညို

အံ့ညိမ်းမောင်

အောင်ပိုင်စိုး

?ui=2&view=att&th=126badca79395ece&attid=0.1&disp=attd&realattid=ii_126badca79395ece&zw

ချစ်သူလိုက်ပြသော မြို့ရဲ့ထောင့်ကျဉ်းထောင့်ကျယ်အလှများ

မြို့ရဲ့အလှကိုဖွဲ့နိုင်ဖို့
ချစ်သူရဲ့လမ်းပြမှုဟာ အမှန်တကယ်လိုအပ်ခဲ့ပါတယ်
လှပသော မြို့ရဲ့ချောင်ကြိုချောင်ကြား၊ ပန်းခြံထဲတွင်ပွင့်သောပန်းများ
(အမည်သိ/အမည်မသိ)
ရုပ်ရှင်ရုံထဲက အလင်းအမှောင် ၊ မနက်ဖြန်ရဲ့ အရောင်
မီးစိမ်း၊ မီးနီအတိုင်း အနမ်းဟာမောင်းနှင်လို့
မီးဝါကို အနမ်းဟာ အမြန်ဆုံး ဖြတ်ကူးသွားပုံလေးတွေ
အလှပဆုံး လမင်းလေးဟာ
ရုပ်ရှင်ရုံထဲက သူမမျက်နှာ ၀င်းပပလေး
ဘယ်တော့မှဆွတ်ယူလို့ရလောက်အောင် မနီးဘူးလို့ထင်ထားပေမယ့်
အနီးဆုံးမှာ ရောက်ရှိနေတဲ့ ကြယ်စင်လေးတွေ
သူမရဲ့ မှိတ်တုပ် မှိတ်တုပ်လေးတွေ
ပန်းခြံထဲမှာ အလှဆုံးပန်းပွင့်လေးကလည်း သူမအပြုံးပွင့်လေး
ဒီင်္လိုရူးသွပ်မှုတွေကြောင့်ပဲ
အိမ်ပြန်ချိန် ထမ်းပြန်လာရတဲ့အမှောင်တွေဟာ
ပိုလို့လေးလံနေတယ်ထင်ပါရဲ့။
စိုးနောင်(မုံရွာ)

?ui=2&view=att&th=126badd0fa63ae94&attid=0.1&disp=attd&realattid=ii_126badd0fa63ae94&zw

အာဒမ်တေးသွား

ငါ့လက်တွေကိုသာ ခိုင်ခိုင်တွဲထားစမ်းပါကွဲ့

ဘာတွေကို မင်းစိုးထိတ်နေမှာလဲ

ဟောဒီ ပတ်ဝန်းကျင် အသစ်၊ ကမ္ဘာအသစ်မှာ

ခေတ်ကြီးရဲ့ မောင်းနှင်မှုအတိုင်း

ငါတို့ ရုန်းကန်ကြမယ်၊ လှုပ်ရှားကြမယ်

မင်းမောပန်းလာတဲ့ အခါ

ငါ့လက်မောင်းက မင်းအတွက်အုံးစက်ရာ

မင်းကြေကွဲအားငယ်တဲ့အခါ

ငါ့ရင်ခွင်က မင်းအတွက် ခိုနားပြေးဝင်ရာ

ကဲ . . .

ဘာများလိုအပ်သေးလို့လဲ အချစ်ရယ်

ငါ့လက်တွေကိုသာ ခိုင်ခိုင်တွဲထားစမ်းပါ။ ။

ဇော်ထွဏ်း

?ui=2&view=att&th=126bade3157906b8&attid=0.1&disp=attd&realattid=ii_126bade3157906b8&zw

အေဒင်

ကောင်းကင်ပေါ်

မင်းပန်ထားတဲ့ ပန်းတွေ ပစ်တင်လိုက်

ပြန်ကျလာမှာ ငါ့သစ္စာတရားပဲ

နေပူမရှောင် မိုးရွာမရှောင်

ငါတို့တောက်ပခဲ့တာ အချစ်ပဲ

အချစ်ရယ် . . .

အချစ်ကို ရတနာလို ဆင်မြန်းပြီး မင်းပြုံးပါ

ငါ့သစ္စာတရားကို ဘုရားသခင်လို ယုံကြည်ပါ

ငါ့နှုတ်ခမ်းတွေကို

ပျားရည်လို မင်းချိုပါ

ဒါ

ငါတို့အတွက် မဆုံးနိုင်တဲ့

နှစ်ယောက်ကမ္ဘာ။ ။

ဘုန်းနေသွန်း

?ui=2&view=att&th=126badea10191c91&attid=0.1&disp=attd&realattid=ii_126badea10191c91&zw

ငယ်

ရေတွင်းထဲကျနေတဲ့ လမင်းကို

မျှော်လင့်ခြင်းနဲ့ ဆယ်ယူခဲ့ရသောပျော်ရွှင်မှု

အခု . . .မင်းက

စက်ရုပ်ကို နှလုံးသားအစစ်ထည့်ပေးလိုက်ပြီ

အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တယ်သော

ကိုယ့်ညီမလေး ငယ် . . .

မျက်လုံးတွေဖွင့်ထားလည်း

ကန်းနေဆဲအမှောင်

ခွေးတစ်ကောင် ချောင်ပိတ်အရိုက်ခံရသလို

တကယ့်ဘဝကို ငါပြန်ကိုက်ခဲ့ပေါ့

ထိုးကျနေတဲ့ ငါ့အရိပ်ကို မင်းစိတ်နဲ့ဖဲ့ယူခဲ့ရ

စစ်မြေပြင်

ငါ့ကြောင့်ဖြစ်တဲ့ ပျော်ရွှင်မှုကို

ငါ့ကြောင့်ဖြစ်တဲ့ ဝမ်းနည်းမှုနဲ့

ဘယ်တုန်းကမှ မချေပခဲ့သူ

ခက်ခဲထစ်အ တိပ်သားတစ်စ

ငါ့ဘဝနဲ့ ထပ်တူစီးမယ့်မြစ်တစ်စင်း

ငါ့ဆင်းရဲခြင်းကို မင်းကပန်းလိုပန်ခဲ့တော့

မင့်မျက်ရည်ကို

သစ္စာလို ငါစောင့်သိရိုသေတတ်ခဲ့ပြီ ။ ။

မင်းစိုးရာ

?ui=2&view=att&th=126bae8c734561b1&attid=0.1&disp=attd&realattid=ii_126bae8c734561b1&zw

စိတ်ကလူကိုသတ်ဖို့ စောင့်နေတာဆိုတော့

ကြားနေကျအသံတွေရဲ့ အဝေးကို ထွက်ပြေး

မြင်နေကျ မြင်ကွင်းတွေရဲ့ အဝေးကို ထွက်ပြေး

ပြေး . . .

ငါ့ကိုငါမေ့ချင်သလိုလို ဖြစ်လာတဲ့အထိ

ပြေးချင် ပြေး . . .

ဘယ်လိုမှ မလွတ်နိုင်

မကျွတ်နိုင်

စွဲလမ်းတဲ့စိတ်တွေရဲ့ အဝေးကို ပြေး

ညီမလေး

ညီမလေး

ညီမလေး

အဲဒီအတွေးတွေရဲ့ အဝေးကိုပြေး

ပြတင်းတံခါးတွေပိတ်သလို ရရင်ပိတ်ချင်

မျက်လုံးတွေ မှိတ်လို့ ရသလို ရရင် မှိတ်ချင်

ငါမအိပ်ချင်တဲ့ ညတွေရဲ့ အဝေးကို ပြေး

အိပ်မက်တွေရဲ့ အဝေးကို ပြေး

အရည်ပျော် ယိုင်လဲသွားတဲ့ ယဉ်ကျေးမှုတွေရဲ့ အဝေးကို ပြေး

ပြိုကျ ပျက်စီးနေတဲ့ မျှော်လင့်ချက်တွေရဲ့ အဝေးကိုပြေး

ပြေး . . .

ငါ့ကိုစောင့်နေတာ ငါ့ရဲ့လွမ်းတဲ့စိတ်ပေါ့

ညီမလေးရဲ့

ငါ

ဟောဒီကမ္ဘာကြီး ပျက်တော့မယ်ဆိုတာ

လက်ခံလိုက်ပြီ။ ။

မြင့်ဦးအောင်

?ui=2&view=att&th=126bae9b6cbe4257&attid=0.1&disp=attd&realattid=ii_126bae9b6cbe4257&zw

အထူးဆိုပြီး ရူးလို့မရတဲ့ နေရာ

စပြောတုန်းက ပုံခပ်ဆန်းဆန်း အနမ်းတွေ မကြိုက်သလို

ခေတ်ထဲ ဇာတ်လိုက်တွေလို ချစ်တယ် ချစ်တယ် တယုတယ

အဝေး

လိုင်းကြောင်နေတဲ့ အသံလေးတွေလည်း ကြည်နူးစရာ အလွမ်း အဆွေး

သမီးရေ သမီးရေ ဆိုဆို ငိုငိုခဲ့ရ

ညနေ။

နေရောင်

တဖြည်းဖြည်း ဇာတ်ဝင်တေး ပိုင်းပိုင်းပြတ်ပြတ် ပြန်ဆက်

ငတ်နေတဲ့ ခွေးလေး ခုံဖိနပ် ရသလို အမြဲ ခဲခဲထား မသွားနဲ့ အချစ်ရယ်

အဝေး

ကလေးလေးတွေ ရသည်အထိ ပြုစု ကိုယ်တို့နှစ်ယောက်ကို လုဖို့

လူတွေ လူတွေ လာပါစေ မိုးပြိုစေရမယ် ချက်ချင်း မိုက်မိုက်

ရဲတိုက်။

မြင်ရတဲ့ အရောင်နဲ့လည်း ကိုယ်တို့ တည်ဆောက်

ချစ်ခြင်းမေတ္တာ အငတ်နှစ်ယောက်လို တစ်ယောက်နဲ့ တစ်ယောက် ရယ်မောလို့

အဝေး

အိမ်ကလေးရဲ့ ကဗျာရွတ်သံတွေ ပိတ်ပင်ဖို့ သူတို့ သူတို့

အနားကို တိုးတိုး ကပ်ကပ် ကိုယ်တို့ကလဲ ချက်ကနဲ ကမ္ဘာကြီးကိုကြည့်

တိကနဲ။ ။

မြတ်ဝေ

၆.၂.၂၀၁၀

?ui=2&view=att&th=126baeaa3b547599&attid=0.1&disp=attd&realattid=ii_126baeaa3b547599&zw

လက်ကလေးတစ်စုံ

ကြင်နာတတ်တဲ့ လှပတဲ့ လက်ကလေးတစ်စုံ ရှိတယ်
အဲဒီ့လက်ကလေးတစ်စုံဟာ တောင်ပေါ်မြို့မှာ မွေးဖွားလို့
တောင်ပေါ်စကားသံလေးဝဲလို့
အနီရောင်င်္အကျီလေးကို ၀တ်ဆင်တိုင်း ပါးပြင်ကလေးဟာ
ပန်းသီးရဲရဲတစ်လုံးလို ဖြစ်ဖြစ်သွားတတ်ပြီး ပညာရဲ့
အဓိပ္ပာယ်ကို ပါရမီနဲ့သိရှိခဲ့တဲ့ တန်ဖိုးရှိရှိ
အသိဥာဏ်ရှိရှိ အစွန်းအထင်းဆိုတာ အဲဒီ့
လက်ကလေးတစ်စုံမှာ ဘယ်တော့မှ မထိမိခဲ့တဲ့ အရာပေါ့။
ကြင်နာတတ်တဲ့ လှပတဲ့ လက်ကလေးတစ်စုံ ရှိတယ်
အဲဒီ့လက်ကလေးတစ်စုံဟာ အလုပ်မလုပ်ခြင်းကို
လူ မလုပ်ခြင်းလို့ ယုံကြည် လိုက်နာခဲ့တယ်
ငွေကြေးထက်အဖိုးတန်တဲ့ နာမည် ရဲ့
အရေးပါမှု အတိုင်းအတာကို ယုံကြည် လိုက်နာခဲ့တယ်
အဲဒီ့လက်ကလေးတစ်စုံဟာ အခက်အခဲတွေကြားက
အောင်မြင်မှုရဲ့ အရသာကိုလည်း မပျက်မကွက်
ခံစားတတ်သေးတယ်။
ဗုဒ္ဓဘုရားရှင်ကို နှစ်နှစ်ကာကာ ကိုးကွယ် ယုံကြည်တဲ့
အဲဒီ့လက်ကလေးတစ်စုံဟာ ငြိမ်းချမ်းရေးအမြင် ရှိသူလေးလည်း
ဖြစ်လို့ နာကျင်သူတွေရဲ့ မျက်ရည်တွေကို ခြောက်သွေ့စေတဲ့
အဲဒီ့လက်ကလေးတစ်စုံကို လွမ်း လွမ်း နေသော
လူတစ်ယောက်လည်း ရှိတယ် ဆိုတာ။ ။

လင်းဆက်နောင်

?ui=2&view=att&th=126baeb69d38a519&attid=0.1&disp=attd&realattid=ii_126baeb69d38a519&zw

ကြွေနေတဲ့ကြယ်

ကြယ်တွေကြွေတဲ့အကြောင်းတွေလည်း မပြောဖြစ်ခဲ့တာကြာပြီအရင်လို
ငါ့ အကြောင်းအရာတွေဟာ မင်းအတွက် အတိတ်မှာ ကြွေနေခဲ့တဲ့ကြယ်
ငါကလွဲရင် အရာရာဟာ အရင်အတိုင်း နေသားတကျနဲ့ အဆင်ပြေမှုနဲ့
တနင်္ဂနွေတွေ မြင်ကွင်းအသေတွေ ငြိမ် သက် ငေး မော ကျန်ရစ်ခဲ့ရရာ
နေရာဟောင်းမှာ ခံစားချက်သာလှိုက်ခုန် ပူနွေးနေ မွန်းကျပ်ပြည့်သိပ်မှု
အရသာနဲ့ ထွက်ပေါက်မဲ့ဝေဒနာ တွေးတွေးနေမိတာ မောမောလာတယ်
ဘာကိုမှမတောင်းဆိုချင်တော့တဲ့ ခံစားမှုမျိုးနဲ့ ဖော်ပြလို့ မရနိုင်တော့တဲ့
ဒဏ်ရာအရပ်ရပ် ဘာကိုမှ ထပ်မရေးတော့ဘူးဘာမှထပ်မတွေးတော့ဘူး
အငြင်းတွေရဲ့ နောက်မှာ တစ်ချိန်တုန်းကရေးခဲ့ဖူးတယ်ဆိုတဲ့ ကဗျာတွေနဲ့
တွေးခဲ့ဖူးပါတယ်ဆိုတဲ့ ၀န်ခံချက်နဲ့ အနီးဆုံးရှိခဲ့ဖူးသောအတိတ်နေ့စွဲများ
မှသည် အဝေးဆုံးသော တစ်နေ့နေ့တွေသို့ သတိတရနဲ့ဝေးကွာလာတယ်
တဖြည်းဖြည်း အေးစက်နေတတ်သွားမှာပါဆိုတဲ့ စကားသံဟောင်းတွေနဲ့
ရှုပ်နေတဲ့ ငါ့အခန်းကိုကြည့်ပြီး ရယ်တတ်တဲ့ မင်းရယ်သံလှလှတွေလည်း
ပြန်လာလိမ့်မယ်မျှော်လင့်စိတ်တစ်ခုနဲ့ ဖွင့်ထားမိခဲ့တဲ့ ငါ့အခန်းတံခါးလေးနဲ့
အတူ ပိတ်ထားလိုက်တယ် တွေဝေ မပြတ်သားမှုဓါးသွားတွေစိုက်ဝင်နေတဲ့
အတွေးတွေနဲ့ မင်းရနံ့တွေ စွန်းကျန်ခဲ့တဲ့ ငါ့အင်္ကျီလေးလည်း ကြေကွဲမှုနဲ့
နာကျင်မှုတွေနဲ့ အတူ ခေါက်သိမ်း ထားလိုက်တော့မယ် ငါ့ စိတ်တွေလို ။

သုမင်းညို

?ui=2&view=att&th=126baec01edd4295&attid=0.1&disp=attd&realattid=ii_126baec01edd4295&zw

အလုပ်ရှုပ်တဲ့အရှုပ်ထုပ် ဖေဖော်ဝါရီ

အလုပ်တွေလာလာရှုပ်တယ်

ဈေးဝယ်ရင်လူရော ပစ္စည်းရောဘာသောညာသောမရွေးဘူး

တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးကွာတယ်ဆိုပေမယ့်

ပြောပြောဆိုဆို အသစ်တွေ့ရင်ဆွဲလိုက်တာပဲ

အလုပ်တွေကလာလာရှုပ်တယ်

အလှူအတန်းအတွက် ငွေကောက်ဖို့ကိစ္စနဲ့

တူလေးမွေးနေ့အတွက် လက်ဆောင်ပေးဖို့ကိစ္စ

သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်အတွက်လက်ဖွဲ့ဖို့ကိစ္စနဲ့

တစ်စုံတစ်ယောက်ဆီ အချိန်မှန်မှန်ဖုန်းဆက်ဖို့ကိစ္စ

ချစ်သူများနေ့မှာတစ်စုံတစ်ယောက်ကို လက်ဆောင်ပေးဖို့ကိစ္စနဲ့

အတိတ်ရဲ့အရိပ်ဇာတ်ကားသစ်ရုံတင်တာသွားကြည့်ဖို့ကိစ္စ

အလုပ်တွေကလာလာရှုပ်တဲ့အခါ

အလုပ်တွေရှုပ်နေလားအရှုပ်တွေလုပ်နေသလားတောင်မသိတော့သလိုလို

အလုပ်မဟုတ်တာကိုအလုပ်လုပ်နေရတာလဲ အလုပ်တစ်ခုပဲ

အိပ်ယာကထတိုင်းကြားနေရတဲ့ နိုင်ငံတကာသတင်းတွေနဲ့

တရုပ်နှစ်သစ်ကူး ဘယ်ဆိုင်မှာလျှော့ဈေးနဲ့ ရောင်းမလဲဆိုတဲ့ကိစ္စတွေ

သတင်းတွေလား အတင်းတွေလား ဘာလားညာလား

အလုပ်တွေရှုပ်နေတယ်ဆိုတာမမှားဘူးလို့ ပြောချင်တာများပါးစပ်ယားလို့

ဒီလထဲမှာဘဲ ကြေးသိပ်မကျဘဲ ငွေအရမ်းကုန်နေတယ်

အခုပဲ အလုပ်ကဖုန်းတစ်လုံးဝင်လာပြန်ရော

အသေးအဖွဲ ကိစ္စတွေကစလို့အရှုပ်ထုပ်

အလုပ်မဟုတ်တဲ့အလုပ်တွေအရမ်းကိုရှုပ်တာဘဲ ဖေဖော်ဝါရီ။ ။
အံ့ညိမ်းမောင်

?ui=2&view=att&th=126baecd3be65dbc&attid=0.1&disp=attd&realattid=ii_126baecd3be65dbc&zw

ဂျူလိုင်(၁၂)ရက်၊(၁၃)နာရီ၊(ရ)မိနစ်တိတိ

သွေးထဲ တဒုတ်ဒုတ်ခုတ်မောင်းနေတာ
တိတ်ဆိတ်မှုဟာ နေရာအနံှံ့အပြား တရှိန်တိုး … ရှေ့သို့
တစ်ယောက်ရဲ့ဖြစ်တည်မှုဟာ အခြားတစ်ယောက်အပေါ် ပြိုကျနေတယ်
“ချစ်တယ်ကွယ်”
လွယ်လွယ်ပြောမထွက်ချင်ပေမယ့် ပြောခဲ့တော့မယ်
မင်းမျက်ဝန်းမှာ မျက်ရည်စတွေ စိုလဲ့လို့
မျက်ရည်တစ်စက်ချင်းမှာ ငါဟာပျော်ဝင်နေတယ်
အဓိပ္ပါယ်မဲ့ နံရံကိုငေးနေမိတယ်
သွေးရူးသွေးတန်း အတွေးတွေ လွင့်စင်ပွင့်ထွက်နေတယ်
လွတ်လပ်မှုကို ချုပ်နှောင်ထားရတဲ့ စိတ္တဇ
မျက်ရည်တသွင်သွင်ကျနေတဲ့ မင်းကိုသနားမိတယ်
ရူးတော့မယ်ထင်ပါရဲ့
တိတ်တဆိတ် ငါတို့နှစ်ဦး … ရှေ့သို့
တရွေ့ရွေ့၊တဖြည်းဖြည်း၊နစ်ကျွံ ပျော်ဝင်လို့
မင်း မပြောပေမယ့် မင်းစကားသံလေးကို ငါမြိုချမိတယ်
မင်း မငိုကြွေးပေမယ့် မင်းမျက်ရည်စတွေကို ငါဖယ်ရှားသန့်စင်နေမိတယ်
ပတ်ဝန်းကျင်ဟာ အနာတရအပြည့် တိတ်ဆိတ်လို့
ဘယ်ဘ၀ရောက်ရောက် ဒီဘ၀လေးဆီ ပြန်လာခဲ့တော့မယ်။ ။

အောင်ပိုင်စိုး

၂၀၁၀ ဖေဖော်ဝါရီ အမှတ်တရ pamphlet လေး ကဗျာဆရာ ၁၀ ယောက်စုပြီး လုပ်ဖြစ်ပါတယ်။ မျှဝေလိုက်ပါတယ် ခင်ဗျာ။

Advertisements

3 Responses to “2010 ရဲ့ချစ်သူများနေ့ အမှတ်တရ ကဗျာများ”

  1. mayoo

    I like this.

  2. mayoo

    Like this.

  3. ကြယ်စင်သန့် 

    ကဗျာနှစ်သက်သူ
    အသင်းဝင်ဖြစ်ပါရစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s