မမြင်ရပေမယ့် မေတ္တာတရားရဲ့အားကို ယုံကြည်

Posted On March 9, 2010

Filed under Uncategorized

Comments Dropped leave a response

စနစ်တကျ ပျက်စီး ပျော်မယ် ပြီးရင် ပျော်မယ်
များလာတယ် ရှားလာတယ် အကြီးအကျယ်
သေးငယ်သော အတွေးအခေါ်နှင့် ပေါ်လွင်၊
မနက်ဖြန်မှာ လန်း လေ လွင့် အဆင်သင့်ပြီပေါ့။
အိန္ဒိယမှာ သူတို့ရဲ့ ဦးနှောက်တွေကို ပြန်လည်
သွင်းယူနေကြပြီတဲ့ ။ သိတယ်မဟုတ်လား ဘယ်သူမှ
မမှားဘူး ။ ပညာအပေါ်မှာ စိတ်ငယ်စွာ သံသယ
မထားမိဖို့ လက်မှတ်တွေထက် တတ်မြောက်မှုကို ခုံမင်ပါ။
ရွေးချယ်စရာတွေ များလာတယ် ရန်ကုန်မြို့ထဲမှာ
လမ်းလျှောက်ကြည့် ၊ များလိုက်တဲ့ လူတွေ ၊ များလိုက်တဲ့
ကြော်ငြာတွေ ၊ များလိုက်တဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ ၊
သူဋ္ဌေးနဲ့ခွေးဟာ ခွဲလို့မရ ၊ ကားပေါ်မှာပါသွားတဲ့
အမွှေးပွခွေးလေးထက် တို့ဘဝက မြတ်ရမှာပေါ့ မြတ်ရမယ်။
အထူးကုဆေးရုံကြီးတွေထက် အခမဲ့ဆေးခန်းလေးမှာ ပျော်ရွှင်ကြတဲ့
ဆရာဝန်တွေ ၊ ဖန်စီအရေးအသားနဲ့ ကြီးပွားနေသူတွေထက်
ခံယူချက်နဲ့ အသက်ကလေးဆက်ထားတဲ့ ကဗျာဆရာတွေ ၊
ဘီယာဆိုင်မှာ ပန်းကုံးစွပ်နေတဲ့ အသက်ကြီးကြီးတွေထက်
ရသလောက်နဲ့ကြိုးစားနေကြတဲ့ ပရဟိတ လူငယ်အဖွဲ့အစည်းတွေ ၊်
နိဗ္ဗာန်ယာဉ်မောင်းတဲ့ နာရေးကူညီမှုအသင်းတွေက လူကြီးလူကောင်း
များလည်း ရှိနေကြတဲ့ ငါတို့ခေတ်ကို ချစ်မိခဲ့ပါပြီ ။ ။

လင်းဆက်နောင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s