တိတ်တခိုး(၂)

Posted On March 21, 2010

Filed under Uncategorized

Comments Dropped leave a response

ဆုံတွေ့လိုက်တိုင်း အကြည့်တွေကို လွှဲ လွှဲ ပြီး ငေးရီ
အဝေးဆီ မင်း အလှနဲ့ ပြည့်စုံနေသော ပန်းချီကားများ
မသိသလို မသိခဲ့သလို မျက်ဝန်းထဲ စိုက်ဝင်နေတဲ့ ဓါးသွားကို
နှုတ်ယူနေရတယ် တိတ်တိတ်ကလေး မင်းနာမည်နဲ့ ပွင့်နေတဲ့
ပန်းတွေကိုေ၇ွှ့ ရွှေစိုက်နေရတယ် တိုးတိုးလေး လွင့်လာတဲ့
ရနံ့တွေကို ခိုးခိုးပြီးနမ်းရှိုက်နေရတယ် ပင့်သက် ညနေအပြာ
မင်းအကြောင်းတွေလွှင့်နေတဲ့ သတင်းတွေ မေးလ်အသစ်တွေ
တိတ်တခိုး တီးခတ်မိတဲ့ မင်းအကြောင်းသံစဉ်တွေနဲ့ သီဆိုနေမိတဲ့
သီချင်းတွေကို မင်းဆီလွင့်ထွက်မသွားအောင် ထိန်းထိန်းနေရတယ်
မင်းမသိတဲ့အကြောင်းအရာတွေနဲ့ နက်သထက် နက် နက် လာတဲ့်
ဒဏ်ရာနေ့တွေ ညတွေ ကြယ်တွေကို မင်းနာမည်တွေပေးပေးပြီး
နာကျင်စွာရေတွက်နေမိတဲ့ အခါ ချစ်တယ်ဆိုတာထက်တော့ ပိုတယ်
မပြောတတ်တော့ဘူး မပြောပြဖြစ်တော့ဘူး မပြောပြချင်တော့ဘူး
ကြွေပြီးရင်း ကြွေတယ် ကြွေကြွေကျနေရတယ် ကြယ်တွေလို ။ ။

သုမင်းညို
၁၃ မတ်လ ၂၀၁၀
ည ၁၀း ၃၅နာရီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s