သတင်းဟောင်း

Posted On March 21, 2010

Filed under Uncategorized

Comments Dropped leave a response

ဖြစ်နိုင်ရင်တော့ အဝေးက မင်းအကြောင်းသတင်းကောင်းတွေကိုပဲ
ဖမ်းယူ နားစွင့် ချင်နေမိတယ် ဘ၀မှာ နာကျင်စွာ အချိုမြိန်ဆုံး
ငြင်းဆန်ပြီးတဲ့နောက် နောက်ထပ် နောက်တစ်ခါ အချိန်တွေမှာ
နှစ်ပေါင်းများစွာ ၀မ်းနည်းမှုနဲ့ လည်လည်နေရတဲ့ စကန့်တံလေးလို
သံသရာထဲ တရွေ့ပြီးတရွေ့ ရွေ့ရွေ့နေတော့မယ် မိုင်ပေါင်းများစွာ
တစ်ရက်ပြီးတစ်ရက် နေ့ပေါင်းများစွာ ဖုန်းဆက်ဦးနော်ဆိုတဲ့
မင်းအသံလေး ပြန်ကြားယောင်လာတဲ့အခါ သတိတရရှိလို့
မင်းဖုန်းနံပါတ်ဆီ ရွေ့ချင်နေတဲ့စိတ်တွေကို ထိန်းထိန်းနေရပြီး
ဆေးဖြတ်ကာစ လူနာတစ်ယောက်လို တက်နေတဲ့ အဖျားသွေးနဲ့
ကယောင်ကတမ်းနဲ့ အဆင်မပြေမှုတွေနဲ့ ဆိုပေမယ့် လည်းလေ
အဓိပ္ပါယ်တစ်ခုမကရှိတဲ့ စွန့်လွှတ်မှုမျိုးနဲ့ အေးစက်နေတဲ့ရာသီဥတု
အတိုင်း မျက်ဝန်းတွေကို အေးစက်ချင်ယောင်ဆောင်ထားလိုက်တယ်
အဝေးကငါ့အကြောင်းတွေ ငါ့နေထိုင်မှုတွေ တိုက်ဆိုင်မှုရှိတဲ့အခါတိုင်း
နာကျင်စွာ ရယ်သွေးပြီး မင်းမေ့ပစ်လိုက် နိုင်ပါစေတော့ ညီမလေး။ ။

သုမင်းညို
၁၃ မတ်လ ၂၀၁၀
ည ၁၁း ၀၀ နာရီ
(ကဗျာမရေးဖြစ်တာကြာပြီနောက်ဒုတိယရေးဖြစ်တဲ့ကဗျာပါ လိုအပ်ချက်တွေရှိနေသေးတယ်လို့ခံစားနေ၇ပေမယ့်
ရေးဖြစ်ခဲ့ပါတယ် ပြင်ဦးလွင်ရဲ့ အေးစက်နေတဲ့ရာသီဥတုတွေနဲ့တိတ်ဆိတ်နေတဲ့ အဆောင်ထဲမှာ )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s