အရင်လို သတိတရ အလျင်စလို ပြန်မရနိုင်တော့တဲ့ ဇာတ်လမ်း အဆုံးသတ်

Posted On May 6, 2010

Filed under Uncategorized

Comments Dropped leave a response

ဖုန်းလောက်တော့ ဆက်လာမှာပါလို့ ယုံကြည်မှု လွန်ကဲစွာနဲ့
ခက်ခဲစွာ ကိုယ့်စိတ်ကိုယ် ပြန်ညာပြီး
တယ်လီဖုန်းလေးဘေးနားမှာ ထိုင်စောင့်နေမိတယ်
နေ့စဉ် နေ့တိုင်း ညစဉ် ညတိုင်း တစ်ခုခုကို စောင့်မျှော်နေရတဲ့
အခြေအနေတွေနဲ့ အချိန်တွေဟာ တရွေ့ပြီး တရွေ့ ရွေ့ နေ
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးတွေကို စမ်းမိတိုင်း
ပြန်သတိရနေမိတယ် အနမ်းတွေ မဂဇင်းစာမျက်နှာတွေ လှန်လှန်ပြီး
မောင့်ကဗျာတွေ အရေးအသားတွေ ရှာဖတ်နေမိတယ်
မောင်ပြန်တာကို ငေးကြည့်နေကျ ပြူတင်းတံခါးလေးကို
အတိုင်းသား ဖွင့်ထားလိုက်မိတယ် ပါးပြင်ပေါ်
တိုက်သွားတဲ့ လေညှင်းကို အနမ်းလို့ထင်ပြီး ပါးပြင်လေးကို
်စမ်းမိလိုက်တယ်အရင်လိုပဲ ယောင်ပြီး လက်ပြလိုက်မိတယ်
ကျွန်မ ဘ၀ထဲကို မခေါ်ရက်ခဲ့ပေမယ့် မောင့်ကို မဆုံးရှုးံရဲခဲ့တဲ့
ကျွန်မရဲ့ မျက်ရည်တွေ  ပြောခွင့် မရှိ / မရတော့ပေမယ့်လည်းလေ

“ ခွင့်လွှတ်ပါ ” လို့
အကြိမ်ကြိမ် ရွတ်ဆိုနေဦးမယ် ရွတ်ဆိုနေမိသေးတယ်

“ ဟိုနေ့ကမောင်ဘာလို့….၊ ဖုန်းဘေးနားမှာလည်းထိုင်စောင့်နေရတာ
တစ်နေကုန်ပဲ မချစ်လို့ အရူးလုပ်တာလား ”

အနည်းဆုံးလောက်တော့ မောင့်ဆီက မောင်ပြောနေကျ
“ ကျွန်တော်က စိတ်ကောက်တဲ့သူကို မချော့တတ်ဘူးနော်
စိတ်ကောက်ချင်လည်းကောက်ပေါ့ ..မချော့ဘူး”
ဆိုတဲ့
ကြားနေကျ စကားလေးတွေ နားထောင်ပြီး အရင်ကလို
စိတ်ကောက် ပြေပစ် လိုက်ဖို့ပါပဲ အဲလို စိတ်ကူးနဲ့
မိန်းမတစ်ယောက်ရဲ့ တောင်းဆို ရယုပိုင်ခွင့်ကို အသုံးချလိုက်မိတယ်
မောင်အရင်က ဆေးလိပ်လုံးဝမသောက်တာ ကျွန်မသိနေတာပဲ
သူ့လက်ထဲက မီးစွဲနေကာစ စီးကရက်ကို  ချစ်တဲ့စိတ်နဲ့
ဆွဲ ယူ ချေ မွ ပစ် လိုက် မိ တယ်

“ မောင် ဒါ မ ကို ရွဲ့တာပေါ့ မောင်ဘယ်တုန်းက ဆေးလိပ်သောက်လို့်လဲ“
“  ငါသောက်ချင်သောက်မယ် မင်းကိုရွဲစရာအကြောင်းကို မရှိဘူး
လူတစ်ယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ကို မင်း ဒီလို အလွယ်တကူ
ဆွဲယူချေမွပစ်လိုက်လို့မရဘူးကွ နားလည်လား ငါအရမ်းတင်းတယ် ”
“  မ ကိုအဲဒီလို စကားလုံးအသုးံအနှုန်းတွေနဲ့ ဘယ်တုန်းက
မောင်ပြောခဲ့ဖူးလို့လဲ  ”

မောင့်နှုတ်ခမ်းဆီရောက်တော့မယ့် လက်တွေကို ဆွဲဖယ်ခံလိုက်ရတယ်
“ ပြောတယ်ကွာ ပြောတယ် အသုံးမကျတဲ့မိန်းမ အရေးမပါတဲ့မိန်းမ
ငါ့အနားကို မကပ်နဲ့ မင်းတို့လို မိန်းမတွေက တန်ဖိုးမထားတဲ့
သူတွေနဲ့ပဲ တန်တယ် တန်ဖိုးထားလို့ကို မကောင်းဘူး ”

အနားမကပ်နဲ့တော့ ပြောနေပေမယ့် အငြင်းတွေနဲ့အတူ
မောင့်ကို ဖက်ပြီး ငိုချလိုက်မိတယ်

“ မောင် မ ကို စိတ်ဆိုးသွားပြီလား ”
နှုတ်ခမ်းတွေကနေ တဖွဖွ မေးနေ /  ရွတ်နေမိတယ်
“ မောင်တစ်ခုခု ပြောပါ အဲလိုမနေပါနဲ့လား”
ရှိုက်သံတွေနဲ့ အတူ ကျွန်မမျက်ရည်တွေ မောင့်အကျီင်္ပေါ်မှာ
စို၇ွှဲနေတာပဲ မျက်ရည်တွေကို မောင်က မသိချင်ယောင်ဆောင်ပြီး
အခန်းတံခါးကို ဆောင့်ပိတ်ပစ်ခဲ့တယ်
မောင်ထွက်သွားရာ လမ်းလေးကို ငေးကြည့်ပြီးတဲ့နောက်
တွန့်ခေါက် ကြေမွနေတဲ့ အိပ်ယာခင်းထက်က ခေါင်းအုးံပေါ်မှာ
ကြေ ကြေ ကွဲ ကွဲ ငိုချ လိုက်မိတယ်
မကြားနိုင်တော့ပေမယ့် ထပ်ထပ်ပြီး ပြောမိလိုက်ပြန်ပြီကွယ်

“ ခွင့်လွှတ်ပါ ”

တစ်ခါတစ်လေ
သတိရလို့ တစ်ယောက်တည်း မနေတတ်တော့တဲ့အခါတွေမှာ
မောင့်လို လျှို့ဝှတ်တတ်သော ဆရာဝန်လေးတစ်ယောက်ရဲ့
လက်ဖ၀ါးလေးတွေကို အရင်လို ဆုပ်ကိုင်ထားနိုင်ခွင့်တွေရယ်

“ကျွန်တော်ကဗျာမရေးဖြစ်ဘူး ရေးလို့လဲမရဘူး
စိတ်တွေလေတယ်ဗျာ ”ဆိုတဲ့ စကားသံဟောင်းတွေရယ်
ဘာလို့ ကျွန်မကို ချစ်တာလဲလို့ မေးတိုင်း မေးတိုင်း
“ဘာလို့ချစ်တာလဲမသိပေမယ့် ချစ်တယ် ကွာ
ကျေနပ်လား မကျေနပ်လဲနေပေါ့ ”
ဆိုတဲ့
အဖွဲ့အနွဲ့မပါတဲ့ စကားသံမာဆက်ဆက်တွေရယ်
“မောင့်ဆံပင်တွေရှည်နေပြီ မောင်ကဆံပင်ရှည်နဲ့မလိုက်ဘူး
ညှပ်ပစ်လိုက်ပါလားဟင် ”
လို့ပြောမိတိုင်း
ဆံပင်တွေကိုခပ်ဖွဖွကို င် ပြီး
“ အဲဒါမှရှော့ခ် ပဲ” ဆိုတဲ့ အသံလေးတွေကို
ပြန်ကြားချင်နေမိတာ ၀န်ခံခဲ့ပါတယ်
မရနိုင်တော့မှန်း ပြန်မဆက်နိုင်တော့မှန်း သိပေမယ့်လည်း
မျှော်လင့်ချက် နည်းနည်းနဲ့ အသက်ဆက်နေမိတယ်
ကျွန်မတစ်ကိုယ်တည်း
ပြူတင်းတံခါးလေးဖွင့်ပြီး ငေး ငေး ရီဝေနေမိတယ်
တယ်လီဖုန်း ခေါ်သံလေး နားစွင့် မျှော်ငေးနေမိတယ်
မောင့်ရဲ့ မွေးနံ အဂါင်္ထောင့်လေးမှာ ထိုင်ထိုင်ပြီး
တောင်းဆုတွေ အထပ်ထပ် ခြွေနေမိတယ်
“ ခွင့်လွှတ်နိုင်ပါစေ ” လို့
နေ့စဉ် နေ့တိုင်း ညစဉ် ညတိုင်း အရင်လို သတိတရ
အ လျ င် စ  လို  ။                         ။


သုမင်းညို
၎   .  ၅  . ၂ ၀ ၁ ဝ
၁၂း ၄၅ ( နေ့လည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s