အ ထူးကြပ်မတ်ကုသဆောင် ၊ အခန်းအမှတ် -၂၀၁၀

Posted On May 6, 2010

Filed under Uncategorized

Comments Dropped leave a response


သူငယ်ချင်းတို့
ငါတို့ငယ်ငယ်ကသင်ခဲ့ရတဲ့သင်ခန်း

စာတစ်ခု

“အတတ်ကျူးတော့အရူးဖြစ်” ဆိုတော့
အသိညဏ်နည်းပါးလွန်းတာလည်း အန္တရာယ်တစ်ခုပဲလို့
ငါပြောပြချင်ပါတယ်
အားလုံးကိုယ်စီကိုယ်စီမှာ
သူ့အကြောင်းတရားနဲ့သူ ဆိုပေမယ့်လည်း
ကိုယ့်အကြောင်းတရားနဲ့ ကိုယ်ဆိုပေမယ့်လည်း
အားလုံးနဲ့သက်ဆိုင်လာတဲ့ အကြောင်းအရာတွေကို
မျက်နှာလွှဲခဲပစ်လို့ လျစ်လျူရူလို့မရနိုင်ဘူး
မျက်နှာလွှဲလို့ လျစ်လျူရူလို့မရတဲ့
မျက်နှာမလွှဲသင့်တဲ့လျစ်လျူမရူသင့်တဲ့
ဝမ်းနည်းစရာသတင်းတစ်ခု/ ပုဒ်
ငါပြောပြချင်တယ်သူငယ်ချင်းတို့
ဂေဟစနစ်အရဆိုရင် အကြောင်းအရာတစ်ခုနဲ့ တစ်ခုက
ပတ်သက်ဆက်နွယ်နေကြတာချည်းပဲ
ဘယ်နေရာတွေမှာပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာတွေမှာပဲဖြစ်ဖြစ်
အမှန်တရားကို လျစ်လျူရူမှုများလွန်းသွားတဲ့အခါတွေမှာ
လိုအပ်နေတာထက်ပိုကွန့် / သွားလိုက်မိတဲ့အခါတွေမှာ
အရှိနဲ့အသိကို ဟန်ဆောင်ဖုံးကွယ်လိုက်တဲ့အခါတွေမှာ
အတ္တတရားကိုရှေ့တန်းတင်လွန်းတဲ့အခါတွေမှာ
သဘာဝတရားကြီးဟာ သဘာဝအတိုင်းမရှိတော့တဲ့အခါတွေမှာ
တစ်နေရာမှာ ပတ်ဝန်းကျင်မှာ ကမ္ဘာကြီးမှာ
မလိုလားအပ်တဲ့ မဇြစ်သင့်တဲ့ ဘေးထွက်ဆိုးကျိုးတွေ
ဖြစ်တတ်တာ ဖြစ်လာတာ ဖြစ်နေတာတွေကို
ကြောက်မက် သွေးလန့်ဖွယ် ကောင်းလောက်အောင်
ငါမြင်မြင်နေရတယ်သူငယ်ချင်းတို့
အခုငါတို့နေထိုင်ရာ ငါတို့ပတ်ဝန်းကျင် ငါတို့ကမာကြီးဟာ
တစ်ခုခုဆိုရင် လွတ်ထွက်ပြုတ်ကျတော့မယ့်အခြေအနေတွေနဲ့
အနေအထားတွေနဲ့ လိုတာထက်ပိုတိမ်းစောင်းလာတဲ့အန္တရာယ်တွေနဲ့
အဖြစ်အပျက်တွေနဲ့ ကမာကြီးမှာ
ငါတို့ဟာ သူ့ခန္တာကိုယ်လေးထဲက ဆဲလ်လေးတွေ
ငါပြောခဲ့သလို ဂေဟစနစ်အရ
အကြောင်းအရာတစ်ခုနဲ့တစ်ခုက ဆက်နွယ်နေတော့
ငါတို့အသက်ဆက်နိုင်ဖို့  သွေးတွေကို သူက ထုတ်ပေးသလို
သူထုတ်ပေးနိုင်ဖို့ ငါတို့ကကူညီရတယ်ဆိုတော့
ငါတို့ဟာမရှိမဖြစ်မဟုတ်ပေမယ့်
မရှိရင်တော့မဖြစ်မယ့်အြေ့ကာင်းအရာတစ်ခု
သေးသေးကြီးကြီး သူ့တန်ဖိုးနဲ့သူပဲ
ကိုယ်ကျိုးကိုရှေ့တန်းတင်လွန်းတဲ့ ဆဲလ်တစ်ချို့ကြောင့်
လူမျိုးရေးကို ရှေ့တန်းတင်လွန်းတဲ့ ဆဲလ်တစ်ချို့ကြောင့်
ဝါဒတွေ အစွဲအလန်းတွေကို ရှေ့တန်းတင်လွန်းတဲ့ ဆဲလ်တစ်ချို့ကြောင့်
သူ့ခန္တာကိုယ်ဟာ အပေါက်အပြဲ အလဲအကွဲတွေနဲ့
စစ်ပွဲတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့
ဘာသာရေးခွဲခြားမှုတွေနဲ့  အဆင့်အတန်းခွဲခြားမှုတွေနဲ့
ဆဲလ်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့  အနိဋ္ဌာရုံမြင်ကွင်းတွေနဲ့
သူ့အငွေ့အသက်တွေမှာလဲ အဆင်မပြေမှုတွေနဲ့
ယမ်းခိုးနံ့  သွေးညှီနံ့တွေနဲ့ အော်သံတွေနဲ့
ကယောင်ကတမ်း တောင်ပြေးမြောက်ပြေး ကယ်သူမဲ့ဆဲလ်တွေနဲ့
သူ့ခန္တာကိုယ်ဟာ ၇ုပ်ဆိုးလို့ အကျဉ်းတန်လို့
သဘာဝဟာ သဘာဝအတိုင်း မရှိတော့တဲ့အခါတွေမှာ
သူ့ခန္တာကိုယ်ထဲက အရေးကြီးတဲ့ သွေးကြောကြီးတွေလို
ပင်လယ်သမုဒ္ဒာရာကြီးတွေမှာလည်း ရုန်းရင်းဆန်ခတ်နဲ့
သွေးသားဓါတ်မတည့်မှု ဖောက်ပြန်မှုတွေနဲ့
အဲဒီတွေဖောက်ပြန်မှုတွေကနေ တဆင့်မြေငလျင်တွေ
ရေလျင်လှိုင်းတွေ မုန်းတိုင်းကြီးတွေအဖြစ်  ပြောင်းလဲပြီး
သူ့ခန္တာကိုယ်ပေါ်ကို နာမည်အသစ်တွေတပ်ပြီး ပြန်လာလို့
အချိန်အခါမဟုတ်တဲ့ မျက်ရည်မိုးတွေ
မလိုအပ်တဲ့ နေရာတွေမှာ နာကျင်စရာ ရွာသွန်းလို့ စိုရွဲလို့
တကယ်ရှားပါးလိုအပ်တဲ့နေရာတွေမှာ တော့
ကန္တာရလို မျှော်လင့်ချက်ဟာ ခြောက်သွေ့လို့  အဓိပ္ပါယ်မဲ့လို့
အစိတ်အပိုင်းတစ်ခုခု တစ်နေရာရာမှာ ချွတ်ယွင်းသွားတာနဲ့
တစ်ခုခုတစ်နေရာရာတွေထက်ပိုပြီး
သွေးလွဲဖောက်ပြန်လာတော့တာပဲ
နေ့စဉ်နဲ့အမျှ များသထက် များများလာတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ နေ့စဉ်ရူရှိုက်ရင်း
ခံနိုင်ရည်တွေလို အိုဇုန်းလွှာတွေ ပါးလျပေါက်ပြဲလာတယ်
အဆုပ်တွေလို အမြဲစိမ်းတောတန်းတောင်တန်းတွေကလည်း
နေ့စဉ် ပျက်စီး ချို့ယွင်းပြောင်းလဲခံနေရတော့
အသက်ရူရတာ ကျပ်သထက် ကျပ်ကျပ်လာတယ်
အပူအအေးမညီမျှမှုတွေနဲ့ အပူလှိုင်းတွေဟာ
ရွေ့လာတယ် နှင်းမိုးတွေ ရွာချလာတယ်
သူ့သွေးေ့ကြာထဲမှာ သူ့အစာအိမ်ထဲမှာ
ချေဖျက်မရတော့တဲ့ စွန့်ပစ်ပစ္စည်းတွေပုံပုံလာတယ်
သူ့ခန္တာကိုယ် အစိတ်အပိုင်းတွေမှာလည်း သွေးမရောက်မှုတွေနဲ့
အဟာရချီု့တဲ့မှုပြသနာတွေနဲ့
ဆင်းရဲနွမ်းပါး မွဲခြောက်မှုပြသနာတွေနဲ့
တစ်စုံတစ်ရာကို မျှော်လင့်နေတဲ့မျက်ဝန်းတွေနဲ့
နာကျင်ဖွယ်ရာ အော်သံတွေ အကူအညီတောင်းခံသံတွေ
သွေးလန့်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်လာတယ်
လေးလံထိုင်းမှိုင်းလာတဲ့နာ့ဗ်ကြောတွေနဲ့  ကမ္ဘာကြီးက
အသေးအဖွဲအနာလေးတွေလို အော်သံတွေကို
မကြားချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်တော့
ရောဂါပိုးဝင်ပြီး အစိတ်အပိုင်းတွေဟာ ရောင်ယမ်းလာတယ်
အမြင်ကျယ်သလိုလို ရှေ့ကိုပဲရွေ့နေသလိုလိုနဲ့
အမြင်အာရုံတွေ ချို့ယွင်းပျက်စီးနေပြီ
အမှားတွေနဲ့ အန္တရာယ်တွေကို ခဏခဏ ၀င်တိုက်မိနေပြီ
သူ့ခန္တာကိုယ် အနှံ့အပြားတွေမှာလည်း
အဏုမြူတွေ ယမ်းငွေ့တွေ လောင်ကျွမ်းမှုတွေ
အင်အားကြီးလာတဲ့ ကင်ဆာဆဲလ်တွေက
ခန္တာကိုယ်အနှံ့ ကျူးကျော်ဝင်ရောက်နေပြီ
တဖြည်းဖြည်းကျဆင်းလာတဲ့ ကိုယ်ခံအားနဲ့
ဝင်ရောက်လာတဲ့ ရောဂါအမျိုးအမည် ပေါင်းစုံတွေနဲ့
တစ်စထပ်တစ်စ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေနဲ့
ငါတို့နေထိုင်ရာ ကမ္ဘာပတ်ဝန်းကျင်ကြီင်္းဟာ
ကျန်းမာရေးကောင်းချင်ယောင်ဆောင်ထားတဲ့
အပြင်းစားဝေဒနာရှင်တစ်ယောက်ပေါ့
အခုတော့ငါတို့နေထိုင်ရာကမ္ဘာကြီးဟာ
ကိုယ့်ကိုယ်ကို အချိန်မရွေး အဆုံးစီရင်သွားနိုင်တဲ့
စိတ်လွဲ စိတ် ဖောက်ပြန်မှုတွေနဲ့
သွေးအားနည်းဖျော့တော့နေတဲ့ ဝေဒနာ တွေကြောင့်
သွင်းလက်စသွေးတွေနဲ့ စိတ်ငြိမ်ဆေးတွေနဲ့
ပိုက်တန်းလန်းတွေနဲ့
အထူးကြပ်မတ်ကုသဆောင် ၊ အခန်းအမှတ် ၂၀၁၀မှာ
စောင့်ကြည့်နေရတဲ့ လူနာတစ်ယောက်အဖြစ်နဲ့
အရေးပေါ်ကုသမှုတွေ ခံယူနေရပြီသူငယ်ချင်း
သူ့ခန္တာကိုယ်ထဲက ဘာမှမလုပ်ဆောင်နိုင်တဲ့
အူအတက်လို လူတွေလို မရှလည်းဘာမှမဖြစ်ဘူး
ရှိရင်တော့ ပေါက်ကွဲတတ်တဲ့ အန္တရာယ်ပေးတတ်တယ်ဆိုတာမျိုး
ငါတို့ ဘယ်တော့မှ မဖြစ်စေနဲ့ သူငယ်ချင်း
ငါတို့ဟာ သူ့ခန္တာကိုယ်ထဲက ဆဲလ်လေးတွေ သွေးကြောလေးတွေ
မကောင်းတဲ့ ကင်ဆာဆဲလ်တွေ မပျံ့ / မရွေ့နိုင်အောင်
ငါတို့တတ်နိုင်သမျှ တိုက်ထုတ်ကာကွယ်နေရမယ်
ဒီကဗျာနဲ့ ဒီသတင်းကို မင်းတို့ဖတ်ပြီးတဲ့နောက်မှာ
ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို နေ့စဉ်သတင်းမေးပါ
သတင်းထောက်တစ်ယောက်လို ၀ိရီယမျိုးနဲ့
သူ့ကျန်းမာရေးသတင်းကို မျက်ခြေမပျက်အောင်
စောင့်ကြည့်ပါ မှတ်တမ်းတင်ပါ ဖတ်ရှု ပါ
နေ့စဉ်နေ့တိုင်း အမြန်ဆုံးသက်သာကောင်းမွန်လာအောင်
ဆုမွန်ကောင်းတောင်းပါ မေတ္တာပို့သပါ
အခု ငါပြောပြတဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးသတင်းတွေနဲ့
ငါဆက်ပြီး ပြောပြမယ့် ကုသမှုအစီအစဉ်တွေကို
မင်းတို့ဖတ်ပြီး မင်းတို့ သိပြီးတဲံ့နောက်မှာ
မင်းတို့ကိုယ်တိုင် လုပ်ဆောင်ပါ ပြုမူနေထိုင်ပါ
မင်းတို့နဲ့ နီးစပ်၇ာဆဲလ်အော်ဂဲ(န်) တွေကို
တဆင့်စကားတဆင့်နားနဲ့ပြောပြပါ
လုပ်ဆောင်နိုင်အောင် တိုက်တွန်းနှိုးဆော်ပါ
ငါပြောပြဦးမယ့် ကုသမှုအစီအစဉ်ကတော့
ရိုးရှင်းလွယ်ကူပြီး အကုန်အကျသက်သာပါတယ်
အဲဒီကုသမှုကတော့ တစ်ဦးနဲ့ တစ်ဦးအပေါ်
လွှမ်းခြုံနေရမယ့် မေတ္တာတရားတွေနဲ့
ယုံကြည်မှုတွေနဲ့ မြဲမြံစွာ ဆုပ်ကိုင်ထားကြတဲ့လက်တွေလို
ကြင်နာမှုတွေနဲ့ ကရုဏာတွေနဲ့  စေတနာကောင်းတွေနဲ့
သဘာဝတရားနဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့
သဘာဝတရားနဲ့ အမှန်တရားကို ချစ်မြတ်နိုးကြောင်းပြတဲ့
အပြုအမှုတွေနဲ့ တစ်ဦးချင်းလုပ်ဆောင်ခြင်းဆိုတဲ့ ကုသမှုနဲ့
အထူကြပ်မတ်ကုသဆောင် ၊ အခန်းအမှတ် ၂၀၁၀ ထဲက
နာဖားမှုဝေဒနာတွေနဲ့ ငါတို့ကမ္ဘာကြီးကို
ကုသကယ်တင်ကြရအောင်ကွာ
စိမ်းစိမ်းစိုနေတဲ့တောအုပ်ကြီးတွေလို မေတ္တာတရားတွေနဲ့
ကျန်းမာပျှော်ရွှင်  အဓိပ္ပါယ်တွေပြည့်ဝပြီး
အသက်ဝင်နေတဲ့ လန်းဆန်းနေတဲ့ ကမ္ဘာသစ်ကြီးကို
ငါ့လိုပဲ မင်းတို့ မြင်ချင်မှာ့ပဲ သူငယ်ချင်းတို့ ။        ။
သုမင်းညို
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s