ခေတ်ပျော်အချစ်

Posted On May 6, 2010

Filed under Uncategorized

Comments Dropped leave a response

ပန်းသီးပေးတဲ့အထာတွေကခေတ်မမီတော့ဘူး အောက်နေပြီ
ဟိုးခေတ်ဦးတုန်းက အာဒံနဲ့ ဧ၀ တို့ လာ မပြောနဲ့တော့လေ
အခု ဖြစ်နေတာ ရှင် နဲ့ ကျွန်မ ဂလိုဘယ် ခေတ်ကြီးထဲက
ချစ်သူနှစ်ဦး  ဒါမှမဟုတ်ရင် ၂၁ ဆိုတဲ့ ရာစုသစ်ကြီးထဲက
ခေတ်ပြိုင်နှစ်ယောက် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနိုင်ဖို့
ဆိုတာ စမ်းသပ်ကိုင်တွယ် ထိတွေ့မရတဲ့ သံယောဇဉ်ကြိုးတို့
စစ်မှန်သောချစ်ခြင်းမေတ္တာတို့ ထပ်ထပ်ပြီး မပြောပါနဲ့လား
ရှင်ပြောတဲ့ ဆေးရောင်ခြယ် နှုတ်ခမ်းပါးလေးတွေ ဆီကနေ
ကျွန်မရဲ့ ရယ်သံလွင်လွင်လေး ရှင်ကြားနိုင်ဖို့  လိုအပ်နေတာ
ဟန်းဆက်လှလှ ဒါမှမဟုတ် နောက်ဆုံးပေါ် မော်ဒယ်တွေထဲက
တန်ဖိုးကြီး ကုန်ပစ္စည်းတစ်ခုခုပဲ ကျွန်မနဲ့တွေ့တိုင်း တွေ့တိုင်း
မင်းကိုငါ ဘယ်လိုနားလည်ပေးရတော့မလဲ မသိတော့ဘူးလို့
ရှင်ခဏခဏပြောနေတယ်နော် ရှင်သိထားဖို့က ဒီဘက်ခေတ်မှာ
နားလည်ပေးဖို့မလိုတော့ဘူး ကားဝယ်ပေးဖို့ပဲလိုတယ် သိလား
ရှင့်ကဗျာတွေထဲထည့်ထည့်ရေးရေးနေတဲ့ မင်းရဲ့ကိုယ်သင်းရနံ့
ဆိုတာလေးလဲ ကမ္ဘာကျော်ရေမွှေး တစ်ခုခုသာ သုံးလိုက်ရင်
သေချာပေါက် လန် ထွက် သွား မှာ ပဲ ။                        ။

သုမင်းညို
၆ . ၄ . ၂၀၁၀
၀၀း ၂၅ နာရီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s