ကမ္ဘာဟာ အဖျားသွေး ၁၀၅ ဒီဂရီ ဖာရင်ဟိုက်နဲ့

Posted On May 16, 2010

Filed under Uncategorized

Comments Dropped leave a response

လမ်းတွေပေါ် လျှောက်နင်းလိုက်မိတာနဲ့ အပူဟာ ရွေ့လာတယ်
တစ်နေရာကနေ တစ်နေရာကို ခုန်ထွက် လျှံကျ သွားတယ်
အပူတွေ ကိုယ်စီနဲ့ လူတွေ လမ်းမတွေပေါ်မှာ ရွေ့လျားသွားလာ
စိုးရိမ်ဖွယ်ရာ အပူချိန်ဟာ ကမ္ဘာမြေပေါ် တငွေ့ငွေ့ တမြေ့မြေ့
မြင့်တက်လာတဲ့ အပူချိန်နဲ့ စပ်ဆက်ပြီး မေးခွန်းမဟုတ်ပေမယ့်
သေချာပေါက် ဖြေဆိုရန် လိုအပ်လာတဲ့ အဖြေရှာစရာ ပုစ္ဆာတွေ
ကမ္ဘာ့ပူနွေးလာမှုပြသနာများ နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းများ
( လျှပ်စစ် ပန်ကာ / လေအေးပေးစက် အစ၇ှိသဖြင့် )
ကမ္ဘာမြေပြင်ပေါ်က သဘာဝဆိုင်ရာ တော တောင် ရေ မြေ
ပြုန်း / ဖြုန်း တီး ပျက် / ဖျက်စီး လာမှုများဆိုင်ရာ အစည်း အ ဝေး
ရေဆူမှတ်ဆီရွေ့တော့မယ့် အဖျားသွေးနဲ့ နောက်ဆက်တွဲဆိုးကျိုးများ
လူသားတစ်ယောက်ဟာ အနည်းဆုံးတော့သစ်တစ်ပင် စိုက်ရမယ်
အဲဒါက အကောင်းဆုံးအဖြေဆိုလည်း စိုက်ဖို့ မသေချာသေးပါဘူး
သေချာတာတော့ အဲကွန်းလေးနဲ့ အခုလန်းနေတယ် မပူပါဘူး
ပူတဲ့အခါ ငွေကို ရေလို ချိုးနိုင်နေတော့ အေးစိမ့်နေတာပဲ
ဒီမှာတော့ နေ့စားဆိုပီပီ ဒီနေ့တစ်နေ့ စားသောက်ရဖို့အတွက်
မြင့်တက်လာတဲ့ အပူချိန်ကိုလဲ လျစ်လျူ ရှုထားရတယ် (မရှုချင်လည်း)
အပူတွေထဲမှာ ချွေးစက်တွေ ကျအောင် ရုန်း ကန် လှုပ်ရှားရတယ်
လှုပ်ထား လှုပ်ထား လက်လှုပ် ခြေလှုပ်မှ ပါးစပ်လှုပ်ရမယ်
အပူဟာ တစ်ခုခုဆိုရင် ပျော်ကျ / ဖျော်ချ လိုက်ဖို့ အသင့်အနေအထားနဲ့
နောက်ဆုံးပေါ် နည်းပညာတွေအပေါ် ၀င်လာတဲ့ သံသယစိတ်ဟာအပူ
အပြင်းစားသံသယ စိတ်ဟာ ပြင်းသထက် ပြင်း ပြင်း လာတဲ့နောက်
ပြင်းလွန်းလို့ ကဗျာနဲ့ သစ်ပင် တစ်ပင်စိုက်လိုက် မိတယ်
ကြောက်မက်ဖွယ်ရာ ကမ္ဘာဟာ အဖျားသွေး ၁၀၅ ဒီဂရီ ဖာရင်ဟိုက်နဲ့ ။ ။

သုမင်းညို

၁၆ ၅ ၂၀၁၀

ည ေ န ၃ း ၄ ၀

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s