အမှောင်ဆိုင်

Posted On May 22, 2010

Filed under Uncategorized

Comments Dropped leave a response

ပိုးကောင်လေးက
အမှောင်မှာ မနေချင်လို့ အလင်းဆီလာတာ
အပူမှန်း မသိလို့ ဝင်ဝင်တိုးတာ
ငါက ပိုးကောင်လေးထက် မိုက်တယ်
အမှောင်မှာ နေချင်လို့ကို အမှောင်ဆီလာတာ
အပူမှန်း သိရက်နဲ့ကို
ကောင်မလေးဆီ ဝင်ဝင်တိုးတာ
အရက်ပုလင်းဆီ ဝင်ဝင်တိုးတာ
အမှောင်ထဲမှာ ပွင့်နေတဲ့ ပန်းကို
မမြင်မစမ်း စမ်းရတဲ့ အရသာ
မမြင်မစမ်း နမ်းရတဲ့ အရသာ
လရောင်ဝေးနေတဲ့ ကမ္ဘာ။
(မိုင်းဖြတ်မြို့ရှိ ညရောက်မှ ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး
ကောင်မလေးများ အရက်ရောင်းသောဆိုင်ကို အမှောင်ဆိုင်ဟု ခေါ်သည်။
သာမန်ထက်ဈေးပိုကြီးပါသည်။)

စိုးနောင်(မုံရွာ)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s