ချစ်တဲ့စိတ်နဲ့ မင်းကို ငါစွန့်လွှတ်လိုက်တယ်

Posted On July 20, 2010

Filed under Uncategorized

Comments Dropped leave a response


ငါနဲ့ဝေးသွားတဲ့အခါ မင်း မပျော်နိုင်တော့မှန်းလည်း ငါ  သိနေတယ်
ချစ်မိတဲ့စိတ်ကိုလည်း အပြစ်မမြင်စေချင်တော့ဘူး
သတိရတယ်  သတိရတယ် သတိရတယ် သတိရနေတယ်
သတိရနေတယ် ဆိုရင် ရာသီဥတုက ရွာတော့မယ်ဆိုတာချည်းပဲ
အပြင်းအထန် သတိရနေတဲ့စိတ်ကို  ကြိုးစားမေ့နေရတယ်
အလွတ်ရနေတဲ့ဖုန်းနံပါတ်ကိုလည်း မေ့ချင်ယောင်ဆောင်ထားရတယ်
ခက်တယ်ကွာ
ငါ့မှာပေးနိုင်တာ ရှိနေတာ ကဗျာရယ် မင်းကိုချစ်တဲ့စိတ်ရယ်ပဲ
မင်းကခေတ်ပညာတတ် ဂုဏ်မြင့်သူ ငါ့ကိုချစ်တဲ့ မိန်းကလေး
တူနှစ်ကိုယ်တဲ့အိုပျက်မှာပဲ နေရ နေရ ဆိုတာ ဒီဘက်ခေတ်ကြီးထဲမှာ
သီချင်းထဲမှာ ကျန်ခဲ့မယ့်ဟာသတစ်ခုပဲ
မင်းကို အဲလို ဟာသတွေကို မျက်ရည်စတွေနဲ့ဆိုဆိုပြီး
သွပ်သွပ်ခါနေအောင် ရူးသွပ်မနေစေချင်ခဲ့ဘူး
၂၁ ရာစုက  ဖွင့်ဆိုလိုက်တဲ့ အိမ်ထောင်ရေး အဓိပ္ပါယ်မှာ
ချစ်နေတာတစ်ခုတည်းနဲ့ မပြီးပြည့်စုံနိုင်တော့ဘူး
တစ်ခုပြီးတစ်ခု လိုအပ်လာလိမ့်မယ် လိုအပ်နေမယ်  ပြီးတော့
ငါတို့ နှစ်ယောက်ရဲ့ နောက်ထပ် မျိုးဆက်အတွက် ငါ စိုး၇ိမ်မိတယ်
ငါ့ဘ၀ထဲ မင်းကို ဆွဲမခေါ်ရက်ခဲ့ဘူး ဆိုတာကလည်း
ဂန္ဓမာပန်းပွင့်လေး တစ်ပွင့်တည်း လန်း ဆန်း လှ ပ နိုင်ဖို့အတွက်
ဘေးကထွက်လာတဲ့ အတက် အလက် တွေကို ချိုးဖယ်လိုက်သလိုမျိုး
မင်းဘ၀ထဲကနေ ငါ နာကျင် စွာ ဖယ်ထွက်ခဲ့ပါတယ်
မင်းလည်း နာကျင်တော့မှာပဲ ငါ သိတယ် သိသိနေတယ်
ချစ်တဲ့စိတ်နဲ့ အရာရာကို ရင်ဆိုင်ခဲ့ဖူးတဲ့နောက်
ချစ်တဲ့စိတ်နဲ့ပဲ အရာရာ  / မင်း ကို ငါ စွန့်လွှတ်လိုက်ပါတယ်
မင်းနားလည်နိုင်ပါစေတော့  ညီမလေး ။                  ။

သုမင်းညို
၂၀ . ၇ . ၂၀၁၀
၁၁း  ၄၃ နာ ရီ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s